....သူခြယ်မှုန်းသော.. ဆေးပန်းချီ.. 🌿🌿🌿..
...အပိုင်း.(၂)..."တီတီမေရေ..တီတီမေ.."
"ရှင့်..ကူးငယ်လေစ..တီတိမေ..ဒီမှာ...:"
ဆိုယွန်း ခြံထဲမှာ ပျိုးပင်လေးတွေမြေဖွပေးနေတုန်း..သူ့ကို.တကြော်ကြော်ခေါ်နေတဲ့ ကူးငယ်လေးကြောင့်..သူမ အသံပေးလိုက်ရသည်..ကူးငယ်လေးက..သူမကိုမေမေလို့ခေါ်ခိုင်းတာပေမဲ့..ကူးငယ်လေးကတီတီမေလို့သာ..ခေါ်ခဲ့ပါတယ်..ခုလည်း..သူ့မအသံပေးလိုက်တော့မှ..သူမဆီကိုပြေးလာနေတဲ့..ကလေးငယ်လေးကြောင့်..သူမ.နှစ်ခြိုက်စွာပြုံးမိပါသည်...လက်တစ်ဖတ်မှာ..စာအုပ်ကိုကိုင်လျက်..တစ်ဖတ်မှတော့..ခဲတံလေးတစ်ချောင်း..ကူးငယ်လေးကို..သူမတွေ့လိုက်..ကြည့်လိုက်တိုင်း..ဒီအရာနှစ်ခုပါ..တွဲတွေ့ရသည်.....။
"ဖြေးဖြေးပြေးလာပါ..ကူးငယ်လေးရယ်..မတော်ချော်လဲမှဖြင့်..တီတီမေရင်ကျိုးရချေရဲ့ကွယ်..."
"ဟီး..တီတီမေကလည်း..ကူးက လူကြီးဖစ်နေပါပီ..မချော်ကျတော့ပါဘူး.."
"ဟွန့် အတတ်ကလေး ကဲ ပြပါဦးဘာပုံတွေဆွဲထားတာလည်း..."
အေးအေးဆေးဆေးနေတတ်တဲ့ကလေးငယ်လေး..ခုလိုစကားတတ်ပြန်တော့..သူမအသည်းယားရပြန်သည်...သူမ ကူးငယ်လေး နှာခေါင်းလေးကို အသာဆွဲလိုက်ပီး လက်ထဲက စာအုပ်လေးကိုယူကြည့်လိုက်သည်..သူတစ်ခုခုဆွဲပီးတိုင်း ခုလိုအပြေးလေးလာပြတတ်တဲ့အကျင့်လေးကကြောင့်..သူမ အချစ်ပိုရပေသည်...။
"ဒါကဖေဖေနဲ့မေမေ..ဒါကတီတီမေနဲ့ဦဖေ..ဒါက.ကူးလေ..ဟီး.."
သူမ ပုံလေးကိုကြည့်ပီး..ကြည်နူးရပေသည်..ဟိုဘက်..ဒီဘက်..အဖေတွေအမေတွေကို..ဆွဲထားပီး..ကူးငယ်လေးက..သူ့မေမေလက်ကိုတစ်ဖတ်..သူမ လက်ကိုတစ်ဖတ်ဆုပ်ကိုင်ထားခြင်းပေ...။
"တီတီမေတို့ပါတာကဟုတ်ပါပီ..ကူးကိုကိုပုံရော.မပါဘူးလား.."
သူမ. အမေးကိုကူးငယ်လေးက..အလိုမကျသလိုမျက်မှောင်ကြုံပီး..ခေါင်းကိုခါပြသည်.....။
"ကူးက.တီတီမေနဲ့ဦးဖေကိုပဲချစ်တာ.အ့ကိုကိုမှမချစ်တာ.အ့ကြောင့်ကူးကမဆွဲထားတာ..."
YOU ARE READING
သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿
Fanfiction.."ကိုယ်တိုင်.တမင်နာကျင်ထိခိုက်အောင်လုပ်ခဲ့ပီးမှ ဘာလို့ငါ့ရင်ထဲက တဆစ်ဆစ်နာကျင်နေရတာလည်း..ဟင့်အင်း မချစ်ချင်ဘူး မင်းကိုငါမချစ်ချင်ဘူး ဟုတ်တယ် မင်းကိုမုန်းနိုင်အောင်ကြိုးစားရမယ် ဒါပေမဲ့ကွာ... မင်းငါ့ကြောင့်တခါငိုတိုင်း ငါ့ရင်ထဲမှာလည်းသေမတတ်ခံစားရတာပါ...