7unizg

1K 59 2
                                    

...သူခြယ်မှုန်းသော... ဆေးပန်းချီ...🌿🌿🌿..
......အပိုင်း (၇)....

"ဝါး.....အင်း.."

ဂျောင်ဂု အိပ်ရာကမှမထသေးပဲအပျင်းကျောဆန့်နေမိသည်..မနက်ခင်းတိုင်းမှာဒီနေ့လေးကသူ့အတွက်ပိုလှနေသလို..သူ့အခန်းထဲကိုကျရောက်နေတဲ့နေခြည်နွေးနွေးကလည်း..ဒီနေ့မှအေးမြနေသယောင်ဖစ်နေသည်..ဘယ်ကိုပဲကြည့်ကြည့်သူ့မျက်လုံးထဲမှာလှပနေသည်...။ကိုကိုကြီးဆီကသူအဖြေရခဲ့ပီ..ပီးတော့တစ်ယောက်လက်ကိုတစ်ယောက်တွဲလို့.နေရာစုံနည်းပါးလျှောက်သွားခဲ့ကျသည်..။ပီးတော့သူအရမ်းကြိုက်တဲ့ရေခဲမုန့်ကိုလည်းတူတူစားခဲ့ကျသည်...။ပီးတော့ရုပ်ရှင်လည်းတူတူကြည့်ခဲ့ကျသည်..ပီးတော့..ကိုကို့ပါးလေးကိုသုံးကြိမ်တိတိသူနမ်းခဲ့သည်...။အဟိသူ့အတွေးတွေကိုသူသဘောတကျဂျောင်ဂုရယ်မေးလိုရ်သည်....။

"ဒီနေ့ကငါနဲ့ကိုကိုကြီးရဲ့ ပထမဆုံးတစ်ရက်ပေါ့.မဟုတ်သေးဘူး .မနေ့ကမှအဖြေရတာဆိုတော့နှစ်ရက်ပေါ့..အာ မသိတော့ဘူးကွာ... "

တစ်ယောက်ထဲ ရှက်ရမ်းရမ်းကာ  ခွဖတ်လုံးကို ခွဖတ်ကာ  အိပ်ယာထဲတွင်  လူးလိမ်နေမိတော့သည်..ထိုစဥ်  အိမ်ယာဘေးက နာရီတစ်တီတစ်တီမြည်မှ သူ့အကြည့်ရောက်သွားတော့..၈နာရီကိုပြသနေသည်..သူ့မျက်လုံးအစုံပြူးကျယ်ကာအိပ်ယာကနေ။ ဝုန်းကနဲထလိုက်သည်..။

"ဝုန်း...အား  သွားပီ  သွားပီ ငါဘာလို့ဒီလောက်အိပ်ပျော်သွားရတာလည်းကွာ  နောက်ကျပီ ဂျွန်ဂျောင်ဂုရေ  မင်းတော့လား....."

အိမ်ယာပေါ်ကပြေးဆင်းကာ..ရေချိုးခန်းထဲကိုအပြေးဝင်ကာ မျက်နာသစ်သွားတိုက်ချင်းအမှုကို အမြန်လုပ်ရသည်  ရေကတော့ချိုးချိန်မရတော့တာကြောင့်  ​ခြေလက်တွေကိုတဗုန်းဗုန်းဆေးကာ  ပြန်ထွက်လာသည့..။အဝတ်ဗီဒီယိုထဲက. တွေတဲ့တီရှပ်ကိုဆွဲဝတ် တွေတဲ့ဘောင်းဘီကိုဆွဲဝတ် ရှပ်လက်ရှည်ကိုလက်တစ်ဖတ်ကကိုင် ကျောပိုးအိတ်ကိုတဖတ်က ကိုင်ကာ  သူအောက်ထပ်ကိုဝုန်းဒိုင်းကျဲဆင်းလာခဲ့သည်..။

"ဟဲ့  ဟဲ့ ဟိုကလေးဖြေးဖြေးဆင်းလေ..  ချော်ချက်ကျနေဦးမယ်.."

တီလေး အော်သတိပေးသံကိုပင်  သူဂရုမစိုက်နိုင်  ပြေးမြဲသာပြေးနေမိသည်...။ဒီနေ့ ပန်းချီလက်တွေ့ဆွဲပဲရှိသည်  ဒါကိုသူလုံးဝမေ့နေခဲ့ခြင်း...။

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now