20 unizg..

1.4K 85 8
                                    

ထယ်ယောင်း ပြေးထွက်သွားတဲ့ယွန်းဂီနောက်ကိုမလိုက်မသလို သူကိုယ်တိုင်ကလည်း မျက်ဝန်းထဲမှာမိုးတို့စွေချေပီ..။ဘယ်ကံဇာတ်ဆရာကစီရင်ချက်ချလိုက်သလဲသူအရမ်းသိချင်မိသည်...။လက်ထဲကဖုန်းကိုတလှည့် ပြေးထွက်သွားတဲ့ယွန်းဂီhyungကိုတစ်လှည့် ထယ်ယောင်း အဓိပ္ပါယ်မဲ့စွာလိုက်ကြည့်နေမိသည်...။ပီးတော့ ဖုန်းထဲကမြင်ကွင်းတချို့နဲ့ မျက်ဝန်းလေးတွေပှိတ်ချသည်ထိသူ့ကိုရယ်ပြ ပြုံးပြတတ်တဲ့ဂျီမင်း မျက်နာလေးကတစ်လှည့်ပေါ်လာပြန်သည်..။လက်ထဲကဖုန်းကို စားပွဲပေါ်မှာ မှောက်ချပစ်လိုက်ပီး ထယ်ယောင်းအံကိုတင်းတင်းကြိတ်မိသည်...။သူ့စိတ်ထဲမှာ ခုကိစ္စတွေကိုတသ်ယောက်ယောက်တမင်အကွက်ကျကျလုပ်ကြံတာကို သိနေသည်..။ထိုလူကိုလည်း ထယ်ယောင်းအတတ်သိနေသည်...။

"ဂျွန်ဂျောင်ဂု မင်းလက်ချက်ပဲ ငါသိတယ် မင်းကိုငါအရှင်မထားဘူး ငါချစ်ရတဲ့သူတွေနာကျင်လုပ်ခဲ့တဲ့မင်းကို ငါခွင့်မလွှတ်ဘူး..."

ထယ်ယောင်း ထိုင်နေရာမှထကာ ဖုန်းကိုသူ့ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ကာ ဆိုင်ထဲကထွက်လာခဲ့သည်..။မျက်ဝန်းတွေကလည်း ရဲတောက်စူးရှနေလေသည်....။

🌿🌿🌿🌿🌿🌿

ယွန်းဂီ ဂျီမင်းရှိရာဆီပြေးလာခဲ့တဲ့ခြေလှမ်းများက တုန်ရင်မောဟိုက်နေသည်..။ဒါပေမဲ့သူမရပ်တန့်ခဲ့ သူအခု​ဂျီမင်းနဲ့တွေ့မှဖစ်မယ်..။သူမယုံကြည်နိုင်တဲ့မြင်ကွင်းကြီးကြောင့် သူမင်လေးကိုမေးပီးအတည်ပြုရမယ်..။သူ့အပေါ်သစ္စာမမဲ့ဘူးလို့တွေးထားတဲ့စိတ်များကဘာကြောင့်များယိမ်းယိုင်ကုန်တာလည်း..။

"ကိုကိုမယုံဘူးမင် မင်ကိုကို့အပေါ်အ့လိုလုပ်မှာမဟုတ်ဘူးဆိုတာကိုကိုသိနေတယ် ဒါပေမဲ့ ဒါပေမဲ့ကွာ.. "

ကျဆင်းနေတဲ့မျက်ရည်များကို ပြေးနေရင်းသူလက်မောင်းတွေနဲ့ပင့်သုတ်ပစ်မယ်သည်..။ပြေးနေတဲ့အရှိန်တွေကိုလည်းညပိုမြှင့်တင်လိုက်သည်..။ထိုစဥ်...ယွန်းဂီလယ်သွယ်လေးကိုအကွေ့ ဘွားကနဲပေါ်လာတဲ့ကားတစ်စီးကြောင့် သူ့လန့်ဖျန့်သွားရသည်..။တစ်ဆက်တည်း သူ့ကိုယ်လေးကလေပေါ်ကို ဝဲတတ်သွားရသည်..။မြေပြင်နဲ့ကျောနဲ့အတူ သူ့ခေါင်းထဲမိုက်ခနဲ မျက်ဝန်းတွေကလည်းပြာကနဲဖစ်သွားရသည်...။

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now