9unizg

950 58 6
                                    

...သူခြယ်မှုန်းသော..ဆေးပန်းချီ.. 🌿🌿🌿...
.....အပိုင်း (၉).....

နောက်ဆုံး..တကယ်နောက်ဆုံးအနေနဲ့..ခြံဝန်းထဲရော..အိမ်ကိုရော..တစ်ချက်မျှဝေ့ကြည့်လိုက်မိသည်..ပီးတော့..သူ့ရဲ့အချစ်ကိုယူသွားခဲ့တ​ရြပ်ဝန်းတစ်နေရာကိုရော..သူငေးကြည့်မိပီး..ကားပေါ်ကို..တတ်လိုက်သည်..ကားတံခါးကိုဆွဲပိတ်တော့..အပိတ်မခံပဲ.လာဆွဲတဲ့လက်တစ်စုံ..သူကြည့်မိတော့..တီလေး...။

"သား..ကူးငယ်လေး..တီလေးကိုတော့မမုန်းမမေ့လိုက်ပါနဲ့နော်..ပီးတော့.ဦးငယ်ကိုရော..စိတ်မကွက်ပါနဲ့နော်..တီလေးတို့က..ကူးငယ်လေးကိုသိပ်ချစ်တာကူးငယ်လေးသိတယ်မလား..ခုကိစ္စကလည်းသွေးပူတုန်းမို့ပါ..ကူးငယ်လေးပြန်လာချင်တဲ့အချိန်ကျ..ပြန်လာခဲ့နော်..တီလေးအမြဲမျှော်နေမယ်နော်သိလား..."

မျက်ရည်တွေပြည့်သိပ်နေတဲ့မျက်ဝန်းနဲ့အတူ..သူ့လက်ကိုလာဆုပ်ကိုင်တဲ့တီလေးလက်တစ်စုံက. အရင်ပဲနွေးထွေးနေဆဲ..ဒါပေမဲ့..တီလေးပြောတဲ့စကားတွေကိုရော..သူတုံပြန်မပြောမိ..သွေးပူတုန်းဆိုတဲ့စကားကိုတော့..သူလက်မခံနိုင်ပါ..ဦးငယ်အကြည့်..ဦးငယ်အပြောတွေကသူ့ကိုရွံစရာကောင်းတဲ့ပုံစံ..။ပီး​တော့..တီလေးကိုတော့မမုန်းပေမဲ့..တီလေးသားကိုတော့သူ့အသည်းထဲကနေမုန်းမိတာတော့အမှန်..သူတီလေးကိုထုတ်မပြောပေမဲ့..စိတ်ထဲကတော့ပြောနေမိသည်...။

"ကူးငယ်လေး ဟိုမှာစစရာရာဂရုစိုက်နော်..တီလေးဆီကိုလည်းမကြာမကြာဖုန်းဆက်နော်..တီလေးကူးငယ်လေးဖုန်းကိုမျှော်နေမယ်နော်..ပီးတော့.ဟိုကမေနဲ့ဖေ့စကားကိုလည်းနားထောင်နော်..လိမ်လိမ်မာမာနော်..တီလေးက ကူးငယ်လေးကိုအရမ်းချစ်တယ်သိလား..ရွတ်.."

သူ့နဖူးကို.တယုတယနမ်းလိုက်တဲ့တီလေးကြောင့်..သူတင်းခံထားတဲ့ကြားက..မျက်ဝန်းကမျက်ရည်ကြွေကျရပြန်သည်......။

"မင်းမှာလို့မပီးတော့ဘူးလား..ဆိုယွန်း..ဒရိုင်ဘာလည်းကားထွက်မှာဖြင့်ထွက်တော့..ငါမမြင်ချင်တဲ့မျက်နာငါ့ရှေ့ကနေမြန်မြန်ခေါ်သွားတော့.."

ဂျောင်ဂု..အံကိုတင်းခနဲကြိတ်လိုက်မိပီး..တီလေးဆုပ်ကိုင်ထားတဲ့လက်တွေကို..ဖြုတ်ချလိုက်ကာ.ကားတံခါးကိုဆွဲပိတ်လိုက်သည်..ပီးတာနဲ့...။

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now