16unizg

1.2K 68 4
                                    

..သူခြယ်မှုန်းသော ဆေးပန်းချီ.. 🌿🌿🌿..
......အပိုင်း,(၁၆).....

"သား ကူး သားလေးအခြေနေ ဆရာဝန်ကဘာပြောလည်း.."

ခွဲစိတ်ခန်းရှေ့ကထိုင်ခုံမှာထိုင်နေတဲ့ဂျောင်ဂုအနားကို တီလေးအမောတကာနဲ့ရောက်လာခဲ့သည်..စကားသံတွေကမောဟိုက်သံပါနေတာကြောင့် တီလေးလက်ကိုဆွဲကိုင်လိုက်ပီး သူထိုင်နေတဲ့နေရာမှာထိုင်စေလိုက်သည်...။

"အူအတတ်ပေါက်တယ်လို့ပြောတယ်တီလေး ခုဘာမှမစိုးရိမ်ရတော့ဘူးနော်  အ့ကြောင့်တီလေးစိတ်တွေတအားမလှုပ်ရှားနဲ့နော် လိုနေတဲ့သွေးကိုလည်းသားပေးထားပီပီမို့ ခွဲစိတ်တာအောင်မြင်မှာပါ..."

ဂျောင်ဂု တီလေးလက်လေးတွေကိုဆုပ်ကိုင်ထားပီး အားပေးနေမိသည်..။ဒီလိုလေးသူတီလေးလက်ကိုမဆုပ်ကိုင်ရတာဘယ်လောက်ပင်ကြာနေပီလည်း..။တချိန်ကသူ့အပေါ်အရမ်းကောင်းခဲ့တယ် ခုလည်း အချစ်မပျတ်..ဒါပေမဲ့ သူ့စိတ်တွေကိုသူမထိန်းနိုင်သေးပေ..။မသိစိတ်ကညံ့သက်မယ်ကြံတိုင်း.အသိစိတ်ကို ဂျီမင်းကိုမုန်းတဲ့စိတ်ကိုပြန်လည်နိုးထပေးနေသည်...။ခုရော သူဘာကြောင့်စိုးရိမ်တကြီးဂျီမင်းကိုဆေးရုံခေါ်လာပေးခဲ့တာလည်း..မုန်းတယ်ဆိုပီ..အရေးပေါ်လိုနေတဲ့သူ့သွေးတွေကို ထိုလူ့ထံစီးဆင်းစေတာလည်း..ထိုမေးခွန်းများကို သူအကြိမ်ကြိမ်အခါခါမေးမိနေပေမဲ့ အဖြေထုတ်မလာပဲ ခေါင်းသာထိုးကိုက်ခဲ့သည်...။

"ကျေး ကျေးဇူးတင်ပါတယ် သားရယ် သားဆေးရုံကိုအမြန်တင်ပေးလို့ တီလေးသားအသက်ဆက်နိုင်ရတာ တီလေး ကူးလေးကိုကျေးဇူးတင်ပါတယ်ကွယ်..."

သူမ သားကို မုန်းပါတယ်လို့တွင်တွင်ပြောနေတဲ့ကလေးက သူမသားကိုဆေးရုံတင်ပေးယုံမက သွေးပါပေးခဲ့တဲ့ ကူးလေးကိုသူမ..စိတ်ရင်းနဲ့ကျေးဇူးတင်မိသည်..။တကယ်များအချိန်တွေသာနောက်ဆုတ်လို့ရရင် လွန်ခဲ့သော ဆယ်စုနှစ်ထိကိုသူမ ပြန်သွားချင်မိသည်...။ခုလက်ရှိတော့ သူမ ကူးငယ်လေးကိုဖက်ကာငိုကြွေးနေမိသည်.....။

...........

"ကိုကိုရေ လာလေ လာဒီမှာလိပ်ပြာတွေအများကြီးပဲ ကူးတို့လိုက်ဖမ်းကျရအောင်လေ.."

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now