15unizg

1.3K 77 15
                                    

...သူခြယ်မှုန်းသော ဆေးပန်းချီ.. 🌿🌿🌿...
.....အပိုင်း (၁၅).....

"မင်းအလုပ်ကို စိတ်ကောပါရဲ့လားဂျောင်ဂု  မင်းလုပ်နေတာတွေက အကုန်တလွဲတွေကြည့်ပဲ ဘာမှမသိတဲ့ငါတောင် မင်းဘာတွေလုပ်နေတာလည်းမသိတော့ဘူး အလုပ်ကိုအာရုံစိုက်.. "

ဟိုဆော့ပြောမှ မနေ့ညကအကြောင်းတွေးမိနေတဲ့ဂျောင်ဂု စိတ်တွေပြန်စုစည်းရတော့သည်...။ဘာကြောင့် သူ့စိတ်တွေမငြိမ်မသက်ဖစ်နေရတာလည်း ပီးတော့ ဟိုလူနဲ့ပတ်ခ်ဂျီမင်းက ချစ်သူတွေဖစ်သွားတာကိုအလိုမကျဖစ်နေရတာလည်း..။ကျစ်...။အတွေးစကိုအမြန်ဖျတ်ကာ လက်တော့ဖ်ကိုပိတ်ထားလိုက်ပီး စားပွဲကထရပ်သည်...။

"ဘယ်သွားမို့လည်း.. "

"ကော်ဖီသွားဖျော်မလိူ့ အကိုရောသောက်ဦးမလား..."

"ပြန်ထိုင် မင်းသောက်ချင်ငါသွားဖျော်ပေးမယ်.."

ကော်ဖီ ဖျော်ရန်ထထွက်သွားတဲ့ အကို့ကျောပြင်ကိုအဓိပ္ပါယ်မဲ့လိုက်ကြည့်နေမိသည်..။ဒါကိုပဲသူ့စိတ်ကိုသူကျိန်ဆဲမိနေသည်..ဘာအတွက်စိတ်တွေက ကသောင်းကနင်းဖစ်နေရတာလည်း  မင်းဘာကြောင့် တွေဝေချင်ရတာလည်း..မလုပ်ရဘူး မင်းဆုံးဖြတ်ထားတဲ့အတိုင်း မင်းဆက်လုပ်ရသည်...။ဂျောင်ဂုကိုယ့်ဘာသာအားပေးရင်း လက်တော့ပ်ကိုပြန်ဖွင့်ကာ စာရင်းတွေပြန်ထည့်မှတ်နေသည်..။
ဟို​ဆော့ကော်ဖီဗန်းလေးကိုသယ်လာရင်း ဂျောင်ဂု ကိုခနရပ်ကြည့်နေမိသည်..။ဟိုနေ့ညကတည်းက မျက်နာမကောင်းတာခုချိန်ထိပင်..။ခနနဲ့ပီးရမယ့်အလုပ်ကို သူနဲ့အတူတူလုပ်နေခဲ့သည်မှာ နာရီပင်အတော်ကြာနေပီ..။ဒီကောင်လေးသူ့အတွင်းစိတ်ကိုအညိုးတွေနဲ့ဖုံးကွယ်နေတာမြင်ရတော့ သူ့ရင်ထဲလုံးဝမကောင်း ...။ဒီကောင်လေးရင်ထဲကတကယ့်စိတ်ရင်းကို သူဖော်ထုတ်ပေးနိုင်ရင်ကောင်းမယ်..။ဟိုဆော့သက်ပြင်းသာဖွဖွချမိရင်း ကော်ဖီဗန်းလေးကို ဂျောင်ဂုအနားမှာချပေးလိုက်သည်..။သူချပေးတဲ့ကော်ဖီခွက်ကိုမျက်ဝန်းတစ်ချက်သာဝေ့ကြည့်လာပီး အလုပ်သာဆက်လုပ်နေတဲ့ကောင်လေးကြောင့် သူ့ရင်ထဲစိုးထိတ်ရပြန်သည်....။

*ဘာတွေများဆုံးဖြတ်ချက်တွေချထားပြန်ပီလည်း ကောင်လေးရယ် နောင်တဆိုတာမင်းအတွက်မဖစ်စေချင်ဘူး..*

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now