"မောင်မင်းကို တွေ့ပီ မောင်မင်းကို ရှာလို့တွေ့ပီ... "
ဒီအသံ ဒီအသံကိုဂျီမင်းသိတာပေါ့ သူအရမ်းကြားချင်နေခဲ်တဲ့အသံလေး ဘလောက်ထိဒီအသံလေးကိုလွမ်းနေခဲ့ရလည်း သူသာအသိဆုံး..ဒါပေမဲ့ ဒါပေမဲ့ သူ့ရဲ့ခုလိုပုံစံနဲ့တော့မတွေ့ချင်မိတာအမှန်ပင်..ထို့ကြောင့်ပဲ တင်းနေအောင်ဆွဲဖက်ထားတဲ့ဂျောင်ဂုရင်ခွင်ထဲကအတင်းရုန်းထွက်မိသည်...။
"ဟင့်အင်း လွှတ်ပါ လွှတ်ပေးပါ.."
"မရုန်းပါနဲ့ မရုန်းပါနဲ့လားအချစ်ရယ် မောင်မှားခဲ့တာတွေအတွက် မောင်မင်းကိုတောင်းပန်ချင်တယ် တကယ်တော့လေ မောင်မင်းကိုဝန်ခံစရာရှိတယ်သိလား... "
ဂျောင်ဂု စကားကြောင့်ဂျီမင်းရုန်းကန်နေရာမှငြိမ်ကျသွားသည်...။ငြိမ်ကျသွားတဲ့ကိုယ်ငယ်လေးကိုငုံ့ကြည့်ကာ ဂျောင်ဂု တင်းနေအောင်ပြန်ဖက်ထားလိုက်သည်....။
"မောင်လေ မင်းကိုတောင်းပန်ချင်ခဲ့တာ မောင်အတ္တတွေအငြိုးတွေအရမ်းများနေတာကြောင့်မောင့်ရင်ထဲကစာကိုမဖတ်တတ်ခဲ့ဘူး မောင့်ရင်ထဲကစာတွေဖတ်တတ်ချိန်က မင်းမောင့်ဆီကနေပျောက်သွားခဲ့တဲ့အချိန်..မောင်လေ အရူးတစ်ယောက်လို သေမတတ်ခံစားခဲ့ရတာ မောင်မင်းကိုရှာနေခဲ့တာ တရက်မှမပျက်ကွက်ခဲ့ဘူး အ့တာဘာကြောင့်လည်းသိလား.."
သူ့အမေးကို မဖြေပဲခေါင်းလေးပိုငုံ့သွားတဲ့ လူကြောင့်ဂျောင်ဂုမျက်နာထပ်တွင်အပြုံးတစ်ပွင့်ခိုတွဲသွားခဲ့ရသည်...။ဘလောက်ကြာပီလည်း သူခုလိုမပြုံးမရယ်ခဲ့တာ ခုတော့ သူ့အပြုံးတွေက အမြဲဖစ်တည်တော့မှာ...သူ့ဘဝရှင်သန်ရတဲ့
ဒီနေ့ကစပီးအဓိပ္ပါယ်ပိုရှိတော့မှာ.။"ဟင် သိလားလို့.."
"ဟင့်အင်း ငါမသိဘူး..."
"မောင်မင်းကိုအရမ်းချစ်နေမိလို့ ...."
"ဟင်..."
ကြားလိုက်ရတဲ့ စကားများကသူ့နားသူပင်မယုံနိုင်ဖစ်ခဲ့ရသွားရသည်...။ခုသူ့ကိုဂျောင်ဂုက ချစ်တယ်ပြောလိုပ်တာလား ဒီစကားကိုရော ဂျီမင်းယုံသင့်ရဲ့လား....အတိတ်ကဖစ်ရပ်တစ်ခုသူ့ခေါင်းထဲပြန်ဝင်လာတော့ ဂျီမင်း ခေါင်းကိုသာခါရမ်းပီး ဂျောင်ဂု ရင်ခွင်ထဲကရုန်းထွက်မိသည်...."
YOU ARE READING
သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿
Fanfiction.."ကိုယ်တိုင်.တမင်နာကျင်ထိခိုက်အောင်လုပ်ခဲ့ပီးမှ ဘာလို့ငါ့ရင်ထဲက တဆစ်ဆစ်နာကျင်နေရတာလည်း..ဟင့်အင်း မချစ်ချင်ဘူး မင်းကိုငါမချစ်ချင်ဘူး ဟုတ်တယ် မင်းကိုမုန်းနိုင်အောင်ကြိုးစားရမယ် ဒါပေမဲ့ကွာ... မင်းငါ့ကြောင့်တခါငိုတိုင်း ငါ့ရင်ထဲမှာလည်းသေမတတ်ခံစားရတာပါ...