14unizg

1.1K 68 3
                                    

...သူခြယ်မှုန်းသော.. ဆေးပန်းချီ.. 🌿🌿🌿...
......အပိုင်း (၁၄).....

ညမီးတိုင်တွေရဲ့ ဖြာကျနေတဲ့ မာကျူရီ.မီးအလှတွေက..ပခုံးချင်းယှဥ်လျှောက်နေတဲ့လူနှစ်ယောက်ကိုယိပေါ်ကို လှပစွာဖြာကျနေသည်...ပခုံးချင်းထိကပ်သွားလိုက် ခွာသွားလိုက်နဲ့ ကဗျာဆန်ဆန်ပဲ ကြည့်လို့ကောင်းနေပြန်သည်..။

"မင်.."

"ပြောလေကိုကို.ဘာပြောချင်လို့လဲ.. "

လျှောက်လှမ်းနေတဲ့ ခြေအစုံတွေသည် ထိုနေရာမှာပင် ရပ်တန့်သွား..။တစ်ယောက်နဲ့တစ်ယောက်မျက်နာချင်းဆိုင်မိသွားပြန်သည်...။
ဆိုင်သိမ်းတာနောက်ကျတာကြောင့် သူ့ကို ကိုကိုအိမ်ထိလိုက်ပို့ချင်းပင်လမ်းအတူတူလျှောက်နေရင်းမှ ကိုကို့ဆီကခေါ်သံကြောင့် သူ့ခြေလှမ်းတွေရပ်တန့်သွားပီးကိုကိုနဲ်မျက်နာချင်းဆိုင်ရပ်လိုက်သည်....။

"ကိုယ့်ကို ခုအဖြေပေးလို့မရဘူးလားဟင်..ကိုယ်မင်းဆီကအဖြေကိုမနက်ထိမစောင့်နိုင်တော့ဘူး.."

"ဟင် ကိုကိုကလည်း.."

ကိုကို့စကားကြောင့် ဂျီမင်းမျက်နာလေးရဲခနဲဖစ်သွားကာ မျက်လွှာချလိုက်မိသည်..။ထိုစဥ် သူ့ပခုံးဆီကို ဖွဖွလေးဆုပ်ကိုင်လာတဲ့ကိုကို့လက်များကြောင့် ဂျီမင်း ကိုကို့မျက်နာကိုမော့ကြည့်လိုက်မိသည်....။

"ဟုတ်တယ် မင် ကိုကိုမင်းဆီကအချစ်ကိုလေးနှစ်ထိစောင့်ခဲ့ပီးပီး စောင့်လည်းစောင့်နိုင်ခဲ့တယ်  ဒါပေမဲ့ မင်းဆီကအဖြေပေးမယ်လို့ကြားလိုက်ရတ​ဲ့နောက်ပိုင်း ကိုကိုလောဘတွေတတ်မိတယ် တစ်စက္ကန်တောင်ကိုယ်မစောင့်နိုင်တော့ဘူး  က်ုကို့ကိုခုပဲအဖြေပေးလိုက်ပါနော်...မင်းကို ကိုယ့်ဘဝနဲ့ထပ်ပီးချစ်တာမို့ ကိုကို့ရင်ခွင်က မင်းအတွက်လုံခြုံစေရမယ်လို့..ကိုကိုကတိပေးနိုင်ပါတယ် မင်ကိုယ့်ကို ချစ်တယ်မလားဟင်..ကိုယ့်ကိုချစ်တယ်မလားလို့..."

ဒီလူဆီကအချစ်တွေက သူ့ဘဝအတွက်လုံခြုံစေတာမို့ သူဒီလူ့ဆီကို သူ့အချစ်တွေကို ပုံအပ်တော့မည်..အရင်ကချစ်ခဲ့ဘူးလို့ နာကျင်ခဲ့တဲ့ဒဏ်ရာတွေကို ဒီလူ့ဆီမှာပဲ ကုစားတော့မည်..သူမတရားသလိုဖစ်သွားတာသိပေမဲ့ သူ့ကိုကို့ကို သူ့အချစ်တွေကိုကို့ဆီကိုပေးအပ်တော့မည်......။ဂျီမင်း ကိုကို့ စကားဆုံးသည်နဲ့ ကိုကို့ရင်ခွင်ထဲကိုဝင်ကာ ကိုကို့ရင်ဘတ်လေးဆီ မျက်နာလေး အပ်လိုက်သည်...။

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now