29unizg

1.3K 60 2
                                    

"အ့ မောင် အား စူးတယ်လို့ ဖယ် ငြိမ်ငြိမ်နေလေကွာ.."

"ရွတ် ရွတ် ရွတ်"

"အား မောင် ငါတကယ်စူးတယ် နာတယ်လို့ ဖယ်ပေးကွာ..."

ထိုအသံများကတော့ ရေချိုးခန်းထဲကပင်..အပေါ်ပိုင်းအကျ်ီဗလာနဲ့ကောင်လေးက ဘေစင်ပေါ်မှာထိုင်နေတဲ့ကောင်လေးခါးသိမ်သိမ်​လေးကနေ ဖက်ထားပီး
မျက်နာနဲ့လည်ပင်းတွေကိုအတင်းလိုက်နမ်းနေသောကြောင့်ထွက်လာသောအသံများပင်ဖြစ်သည်...။

"မောင့်အပိုင်လေးက အရမ်းနမ်းချင်စရာကောင်းနေတာကို နမ်းချင်တာပေါ့လို့.."

"အ့ဆို ပီးမှနမ်းလေကွာ ခုမောင့်မျက်နာပေါ့က အမွှေးငုတ်တိုတွေကိုအရင်ရှင်းရဦးမယ်လေကွာ ငြိမ်ငြိမ်လေးနေပေး မောင်အ့လိုဆက်လုပ်နေရင် မောင့်မျက်နာ ဓါးထိလိမ့်မယ်.."

ဂျီမင်း ဆေးရုံကဆင်းတာတစ်ပတ်ရှိပီ ထိုအချိန်လေးမှာ မောင်ကသူ့ကိုအရမ်းဂရုစိုက်လွန်းပါတယ် သူ့ကိုဘာမှလိိုလိုသေးမရှိအောင်ထားပါတယ် ဂျီမင်းပျောက်နေတဲ့အတောအတွင်း ပြန်တွေ့ခဲ့ရင်.သူနဲ့အတူနေဖို့အတွက် ခြံကျယ်ကြီးတစ်ခြံက်ုဝယ်ထားခဲ့တာတဲ့ ခြံကလည်းကျယ်လွန်းပါတယ် ဂျီမင်းဒီခြံကိုစရောက်တော့ ခြံလေးကပန်းပေါင်းစုံများကအစွမ်းကုန်ပွင့်လန်းမွှေးကြိုင်နေသည်..။ထိုအထဲမှာ​တော့ သူအရမ်းမြတ်နိုးရတဲ့နေကြာပန်းလင်းလေးကိုတော့ သီးသီးသန့်သန့်လေးနဲ့ခြံခတ်ထားသည်တဲ့.ဂျီမင်း မောင့်ဆီကချစ်ကြင်နာမှုတွေကြောင့် ဝမ်းသာမျက်ရည်ကျမိပါသည်.ထိုနေမှစ ဂျီမင်း ဆုံးဖြတ်လိုက်တာက မောင်နဲ့အတူသေအတူရှင်မခွဲမောင့်လက်ကိုဆုပ်ကိုင်ထားမည်ဟုပင်...။ဒီနေ့လေးက ဖေဖေဆီသွားတွေ့မယ့်နေ့ဖစ်တာကြောင့် မရိတ်မသင်ရသေးတဲ့မောင့်အမွှေးအမျှင်တွေကိုကူရှင်းပေးဖို့ မောင်ရေချိုးခန်းထဲဝင်သွားတာနဲ့သူပါလိုက်ဝင်ခဲ့သည်..။ရေချိုးခန်းထဲလိုက်ဝင်လာတဲ့သူ့ကိုမောင်က လူညစ်ပြုံးပြုံးကာ ဘေစင်ပေါ်ကိုခါးကနေပွေ့ယူကာတင်လိုက်သည်..။ရုတ်တရပ် မို့ဂျီမင်းလန့်ဖျန့်ကာ မောင့်ပခုံးတွေကိုဆုပ်ကိုင်လျက်..။မောင်ကပခုံးကသူ့လက်တွေကို
ဆွဲယူဆုပ်ကိုင်နမ်းရှိုက်ကာ သူ့လက်ထဲကိုထည့်ပေးလာတဲ့ ပါးသိုင်းမွှေးရိတ်စက်လေးတစ်ခု...။ဂျီမင်း လက်ထဲရောက်လာတဲ့စက်လေးကိုငုံ့ကြည့်ကာမှ သဘောပေါက်လိုက်တာကြောင့် ဘေစင်ပေါ်ရှိ ခရင်မ်ဘူးလေးကိုယူပီး လက်ထဲအနည်းငယ်ညှစ်ယူကာ မောင့်ပါးရိုးတစ်လျှောက် လိမ်းပေးလိုက်သည်...။သူ့ကိုရီဝေစူးစိုက်ကြည့်နေတဲ့မောင့်မျက်ဝန်းအကြည့်တွေကို ကြာရှည်မခံနိုင်တာကြောင့် ဘေစင်ပေါ်ကဆင်းဖို့ပြင်သည်..ဒါကိုမောင်ကကြိုသိသည့်အလား သူ့ပါး နဖူး လည်ပင်းတွေကိုအတင်းလိုက်နမ်းလေသည်...။

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now