အချပ်ပို uni zg..

1K 46 2
                                    

"ဟင် အွန်း  ကျစ် မောင့်အပိုင်လေးကတော့ကွာ "

ဂျောင်ဂု အိပ်ယာကနိုးနိုးချင်း သူ့ဝဲဘက်ကနေရာလေးမှာသူ့အပိုင်လေးရှိမည်အထင်နဲ့ မျက်လုံးတို့မဖွင့်ပဲ လက်ကအရင်ထိ​တွေ့သည်.။သိုပေမဲ့ သူထင်နေသလို ကိုယ်လုံးအိအိနွေးနွေးလေးကရှိမနေပဲ အေးစက်နေတဲ့ အိပ်ယာကိုသာထိတွေ့မိသည်..။ထိုအခါဆို ဂျောင်ဂုသိလိုက်ပါသည်.သူ့အပိုင်လေးက ဘယ်ရောက်နေလည်းဆိုတာ...။

"ငါကိုကမှားတာ နေကြာပင်​တွေကိုထပ်စိုက်ပေးလိုက်တဲ့ငါကိုကမှားတာ အိပ်ယာထပြီဆို မောင့်အနားမှာဘယ်​တော့မှမရှိဘူး ဟူး.."

ဂျောင်ဂု အိပ်ယာကနေအလူးလဲထကာ စောင်ကိုခွာချ မျက်နာပင်မသစ်တော့ပဲ အောက်ထပ်ဆင်းခဲ့သည်..။အကြောင်းမူကာ သူ့အပိုင်လေးကို  မောနင်းkissပေးရန်အရင်ရှာမယ်မလား..။သူနဲ့သူ့အပိုင်လေးက အိမ်ထောင်သက် ၅နှစ်တိတိရှိခဲ့ပီမလား ထိုနှစ်အတွင်းမှာ သူအပိုင်လေးနဲ့စိတ်ဆိုးစိတ်ကောက် ပြန်ချော့လိုက်နဲ့ ဖြတ်သန်းခဲ့သည်..။သူ့အပိုင်လေးရဲ့နက်ရှိုင်းတဲ့အချစ်တွေကိုလည်း အများကြီးပိုသိလာခဲ့သည်..။သူလည်းသူ့အပိုင်လေးက မျက်စိအောက်ကအပျောက်မခံနိုင်သည်ထိချစ်သည်..။ဦးငယ်က ပိုင်ဆိုင်သမျှအကုန်လုံးကိုသူနဲ့သူ့အပိုင်လေးအမည်နဲ့အမွေ​တွေလွဲပြောင်းပေးကာ ရိပ်သာကိုအပြီးတိုင်ဝင်သွားခဲ့သည်..။သူတို့နှစ်ယောက်ရဲ့ဆန္ဒအရဘာမှမလုပ်တော့ပဲ တစ်ယောက်အနားတစ်ယောက်ရှိနေချင်ကျသည်.သိုပေမဲ့လည်း ဘိုးဘွားမိဘအမွေကိုပျောက်ပျက်မည်ဆိုးတာကြောင့် သူကတော့company ကိုတနင်္လါနေ့ကနေ သောကြာနေ့အထိရုံးတတ်ရပါသေးသည်..။သူ့အပိုင်လေးကိုသူနဲ့အတူလိုက်စေချင်ပေမဲ့ 

"မောင် ရယ် ငါ့ကိုချစ်ရင် နေကြာပန်းလေးတွေထပ်စိုက်ပေးပါ ငါနေကြာပန်းလေးကိုသေချာပြုစုပျိုးထောင်ချင်လို့ပါ ဒီလိုပြောလို့မောင့်ထပ်နေကြာပန်းလေး​တွေကိုချစ်တယ်မထင်လိုက်ပါနဲ့နော် ငါ့ဘဝမှာ မောင့်ကိုသာအချစ်ဆုံးပါ"

တဲ့ အ့ဒီစကားတခွန်းနဲ့ထင် သူနဲ့အတူcompanyခေါ်ဖို့ပြောမယ့်စကား​တွေပျောက်ရှခဲ့ရတယ်..။သူ့အပိုင်လေးရဲ့ဆန္ဒကိုဖြည့်ပေးကာ နေကြာပန်း​တွေကို ခြံပတ်ပတ်လည်လည်စိုက်ပျိုးပေးခဲ့သည် ။သူတို့ရဲ့အချစ်ဝန်းခြံအိမ်ကြီး ကြီးကျယ်သလောက် သူစိုက်ပျိုးပေးတဲ့ နေကြာပန်း​တွေကပြည့်နှက်နေသည်..။အိမ်ပတ်ပတ်လည်မှာ နေကြာပန်းခင်းတွေရှိနေသလို လမ်းတစ်လျှောက်လုံးနေကြာ​တွေရှိနေသည်..။ခြံထဲမှာအလုပ်သမားထားပေမဲ့ သူ့အပိုင်လေးက မနက်အိပ်ယာထတဲ့အချိန်ကစ အားရင်အားသလိုထိုပန်းခင်းထဲကိုဝင်တော့သည်.သူတို့ရဲ့အချစ်အိမ်ကြီးနဲ့အတူ ပန်းခင်းကြီးကလူသူရှုပ်တဲ့နေရာမှာမဟုတ်တဲ့အတွက်ကြောင့် သူ့အပိုင်လေးကအရမ်းကိုပျော်ရွှင်ပါသည်.။အ​​တွေးများနဲ့အတူ အိမ်တံခါးကိုဖွင့်လိုက်တော့ သူ့နှာခေါင်းဝကိုထိတွေ့တိုးဝင်ကြည်စယ်လာတဲ့ နေကြာပန်းနှံ့သင်းသင်းလေးတွေ..။မျက်လုံးဝေ့ဝဲရှာလိုက်တော့ တွေ့ပါပြီသူ့အပိုင်လေးကို ပန်းခင်းထဲမှာ လှုပ်တုတ်တုတ်နဲ့ဘာ​တွေလုပ်နေမှန်းမသိ သူ့တီရှပ်အဖြူပွပွကြီးနဲ့ ဘောင်းဘီအမဲပွပွကြီးကြောင့် လူကပိုသေးသွားသယောင် ..ဂျောင်ဂု အသံမပေးပဲ ခြေသံလုံလုံနဲ့အနားတိုးကပ်သွားကာ သူ့အပိုင်လေးကိုနောက်ကသိုင်းဖက်ပွေ့ပြစ်လိုက်သည်..။

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now