26unizg

1.5K 73 6
                                    

..သူခြယ်မှုန်းသော ဆေးပန်းချီ.. 🌿🌿🌿..
.....အပိုင်း (၂၆).....

"ဖြည်းဖြည်း လား ရှေ့မှာခုံရှိတယ် လာပါမောင့်ကိုပြန်ဖက်ထားစမ်းပါ..ခိုက်မိတိုက်မိရင်ဒီမောင်ရင်ကြိုးရပါပီကွာပြန်ဖက်ထားစမ်းပါ စိတ်ပူလွန်းလို့ပါ."

"ဘယ်လို​တွေသဲကဲနေရတာလည်း အရင်ကလည်း သွားလာနေကျ ဘာမှမဖစ်ဘူး.."

ဂျီမင်းရေချိုးခန်းထွက်လာကတည်းက ချက်ချင်းအနားရောက်လာပီး သူ့ခါးကိုသိမ်းဖက်ထားတာ ဖြေးဖြေးချင်းထိန်းခေါ်သည်...။ပါးစပ်ကလည့်  တတွက်တွတ်ပြောနေတာကြောင့် ဂျီမင်းအနည်းငယ်ဟောက်လိုက်မိသည်..။အမှန်တိုင်းပြောရရင်လည်း ရေချိုးခန်းအိမ်သာတွေကအစက သူ့ဘယသာအသုံးပြုသွားလာတတ်အောင် ကိုယ်တိုင်မှတ်သားခဲ့သည်...။

"အ့တာကအရင်က ခုမောင်ရှိနေပီလေ မင်းကိုနည်းနည်းလေးမှအထိခိုက်ပွန်းပဲ့မခံနိုင်ဘူးကွာ လာခဲ့.."

"အမေရ..ဂျောင်ဂုမင်းဘာလုပ် ဘာလုပ်တာလည်း ချပေး ခုချက်ချင်းချပေး.."

"မချပေးဘူး ဂျီမင်းကမောင့်ကိုပြန်ဖက်ဆို​တေ့ဖက်လို့လား.."

ရုတ်တရပ် ကောက်ပွေ့လိုက်တာကြောင့် ဂျီမင်းအလန့်တကြားဖစ်သွားတာကာ.မမြင်မစမ်းနဲ့ဂျောင်ဂုအကျ်ီစကို အတင်းဆုပ်ဆွဲထားလိုက်မိသည်..။
သူ့စကားကိုလည်းအရေးမလုပ်တဲ့အပြင် ခြေလှမ်းတွေကိုစတင်ရွေ့လျားသွားတာကိုခံစားလိုက်မိသည်....။

"ဘယ်​ ဘယ်သွားမို့လည်း.. "

"အိပ်ခန်းလေ ဂျီမင်းအိပ်ခန်းကိုသွားမှာပေါ့ မောင်က ဘယ်ကိုသွားရမှာလည်း..."

သေစမ်း ပတ်ခ်ဂျီမင်းမင်းသေလိုက်စမ်း  တကယ်ပဲ သူ့အိပ်ခန်းနဲ့ရေချိုးခန်းကအနည်းငယ်သာကွားဝေးသည်..။ခုတော့တဒိတ်ဒိတ်ခုန်နေတဲ့ရင်အစုံကြောင့် သူသွားလာဘူးတဲ့နေရာတွေးကို စိတ်မှန်းနဲ့တောင်မတွေးတတ်​တော့..။သေလိုက်စမ်းပတ်ခ်ဂျီမင်းရယ်လို့ တစ်ယောက်ထဲ စိတ်ထဲကနေကျိန်ဆဲနေသည်...။ဂျီမင်း မမြင်ရတာတောင်ကြောင့် သူ့ကိုငုံ့မိုးကြည့်နေတဲ့ ဂျောင်ဂုမျက်ဝန်းကိုမ​တွေ့နိုင်ပေ....။

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now