ကျယ်ပြောတဲ့ကောင်းကင်ပြာကြီးအောက်မှာ ရွှေဝါရောင်အဆင်းနဲ့ အစွမ်းကုန်ပွင်နေကျတဲ့ ပန်းခင်းကြီးတကြီး...။ထိုပန်းခင်းရဲ့အလယ်မှာ အရိပ်ရတဲ့သစ်ပင်ကြီးတစ်ပင် ထိုအပင်ကြီးအောက်မှာ ကောင်လေးတစ်ယောက်...။ထိုကောင်လေးက လေနဲ့အတူပါတဲ့လာနေကြာပန်းလေးရဲ့ ရနံ့သင်းသင်းလေးကို ခေါင်းလေးမော့ကာ ရှုရှိုက်နေမိသည်...။
"ခုမှပဲ အသက်ရှူဝသွားတော့တာပဲ ပန်းလေးရေ မင်းရဲ့အရောင်အဆင်းကိုငါမြင်တွေ့ခွင့်မရပေမဲ့ မင်းရဲ့ရနံ့လေးကြောင့် မင်းက ငါသိပ်မြတ်နိုးတဲ့နေကြာပန်းလေးမှန်းငါသိတယ် ငါခုလိုလေးနေရတာ နေသားကျနေပီသိလား ဘာမှမမြင်ရပေမဲ့ ငါတကယ်ခုလိုနေရတာသဘောကျနေပီ...."
ဟုတ်ပါသည်..ဂျီမင်းခုလိုဘဝမျိုးမှာနေရာတာသူကိုယ်တိုင်ပင်ပျော်မွေ့နေမိသည်..။မျက်ကြည်လွှာအလှူရှင်ရတာတောင် သူမခွဲစိတ်ချင်သေးဘူးလို့ အကိုဟိုဆော့ ကိုတောင်းပန်ထားသည်...။ဂျီမင်း အကိုဟိုဆော့ကို အရမ်းကျေးဇူးတင်မိသည် သူခုလိုဘဝရောက်နေတဲ့အချိန် လုံခြုံစွာစောင့်ရှောက်ပေးသည်...သူ့ဆန္ဒတွေကိုအမြဲအလိုလိုက်ပေးခဲ့သည်...။သူကို ဖေဖေတိူ့နဲ့အဝေးဆုံးကိုခေါ်သွားပေးပါတောင်းဆိုချိန်တုန်းက ချက်ချင်းခေါင်းငြိမ့်သည်...။ညတွင်းချင်းပဲ အကိုဟိုဆော့အဖွားရှိတဲ့ ဘူဆန်မြို့ရဲ့တောရွာလေးတစ်ခုကိုခေါ်လာပေးသည်...ပန်းခင်းတွေအမြောက်အမြားပိုင်ဆိုင်ထားတဲ့ အကို့အဖွားကလည်း သူ့ကိုတွေ့တွေ့ချင်း မြေးအရင်းတစ်ယောက်လိုချစ်ခင်ဂရုဏာသပ်ခဲ့သည်....။ဒီနေရာလေးကို ဂျီမင်းအရမ်းသဘောကျပါသည် လတ်ဆတ်တဲ့လေ ထိုလေနဲ့အတူပါလာတဲ့သူအရမ်းမြတ်နိုးရတဲ့ပန်းရနံ့သင်းသင်းလေးကြောင့် သူ့ဘဝကပြည့်စုံခဲ့ရသည်...။
"ချွတ်...."
"အဖွားလား..."
အတွေးများနေစဥ်ကြားလိုက်ရတဲ့ ခြေဖွဖွနင်းသံလေးကြောင့် ဂျီမင်းအဖွားမှန်းတန်းသိလိုက်သည်....။
"ဟုတ်ပါ့ရှင့် အဖွားပါ ငါတို့ဂျီမင်းလေးကအဖွားမှန်းဘာလို့တန်းသိရတာလည်းပြောပါဦး..."
YOU ARE READING
သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿
Fanfiction.."ကိုယ်တိုင်.တမင်နာကျင်ထိခိုက်အောင်လုပ်ခဲ့ပီးမှ ဘာလို့ငါ့ရင်ထဲက တဆစ်ဆစ်နာကျင်နေရတာလည်း..ဟင့်အင်း မချစ်ချင်ဘူး မင်းကိုငါမချစ်ချင်ဘူး ဟုတ်တယ် မင်းကိုမုန်းနိုင်အောင်ကြိုးစားရမယ် ဒါပေမဲ့ကွာ... မင်းငါ့ကြောင့်တခါငိုတိုင်း ငါ့ရင်ထဲမှာလည်းသေမတတ်ခံစားရတာပါ...