"ဟင် "
ရောက်လာပြန်ပီ ဒီပန်းခင်းကြီးထဲ.အမြဲဘာလို့သူဒီပန်းခင်းကြီးထဲက ရုန်းမထွက်နိုင်ခဲ့ရတာလည်း...။လေနဲ့အတူပါလားတဲ့နေကြာပန်းရနံ့သင်းသင်းလေးတွေက ဘာလို့သူ့ရင်ထဲထိ စွဲကျန်နေခဲ့ရတာလည်း..။ထိုစဥ်မှာပဲ နေရောင်ပျောက်သွားပီး အမှောင်ရိပ်တွေကချက်ချင်းပြောင်းလာခဲ့သည်...။ပန်းခင်းအလယ်မှာ ဂျီမင်းတစ်ယောက်ထဲရှိတာမို့ ကြောက်လန့်လာမိတာတော့အမှန် ထိုပန်းခင်းထဲကထွက်ရန် လမ်းကြောင်းရှာမိတော့လည်း..သူ့ဘေးပတ်ပတ်လည်မှာ နေကြာပန်းတွေကြည့်ဖစ်နေသည်..။ဂျီမင်း နေကြာပန်းပင်လေးတွေကိုတိုးဝှေ့ရင်း လမ်းရှာနေမိသည်....။
"ဂျီမင်း ...."
"ဟင်.."
ရုတ်တရပ် ကြားလိုက်ရတဲ့အသံကြောင့် ဂျီမင်းတိုးဝှေ့သွားနေတဲ့ခြေလှမ်းများရပ်တန့်သွားရသည်..."
"ဂျီမင်း.. "
ထပ်မံကြားလိုက်ရတဲ့အသံကြောင့် လှည့်ကြည့်မိတော့....။
"ဂျောင် ဂျောင်ဂု မင်း မင်းဘာလို့ ငါ့နောက်လိုက်ခဲ့ရတာလည်း..."
ကလေးမျက်နာလေးနဲ့.သူ့ကိုကြည့်နေတဲ့ဂျောင်ဂု့မျက်ဝန်းတွေက စူးရဲနေသည်....။
သူ့ကိုစူးစိုက်ကြည့်နေတဲ့ဂျောင်ဂုမျက်ဝန်းတွေကစူးရဲနီထွေးနေသည်...ထိုမျက်လုံးကအကြည့်တွေကြောင့် ဂျီမင်းခြေလှမ်းတွေတဖြေးဖြေးနဲ့နောက်ကိုဆုတ်လိုက်မိသည်....။သူ့နည်းတူစွာ ဂျောင်ဂုခြေလှမ်းတွေကလည်းတိုးကပ်လိုက်သည်....။"မလာနဲ့ ငါ့အနားကိုမလာနဲ့..."
တဖြေးဖြေး...နဲ့ကလေးပုံစံလေးကနေ လူကြီးပုံစံ
ပြောင်းလဲလာတဲ့ဂျောင်ဂုပုံရိပ်တွေကြောင့် ဂျီမင်းနောက်ကိုပြန်လှည့်ပြေးခဲ့မိသည်...။"ဟင့်အင်း မလိုက်ခဲ့နဲ့ ငါ့နောက်ကိုမလိုက်ခဲ့ပါနဲ့...."
မက်ခဲ့ဖူးတဲ့အိမ်မက်တွေထဲမှာ သူကသာဂျောင်ဂုကိုပြေးလိုက်ခဲ့ရသည်..။ယခုမှာတော့ သူ့ကရှေ့ကပြေး ဂျောင်ဂုကနောက်ကလိုက်နေရသည်...."
"အဟားဟားဟားဟားဟား လွတ်မယ်လို့ထင်လား ပြေးစမ်း လွတ်အောင်ပြေးစမ်း...."
YOU ARE READING
သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿
Fanfiction.."ကိုယ်တိုင်.တမင်နာကျင်ထိခိုက်အောင်လုပ်ခဲ့ပီးမှ ဘာလို့ငါ့ရင်ထဲက တဆစ်ဆစ်နာကျင်နေရတာလည်း..ဟင့်အင်း မချစ်ချင်ဘူး မင်းကိုငါမချစ်ချင်ဘူး ဟုတ်တယ် မင်းကိုမုန်းနိုင်အောင်ကြိုးစားရမယ် ဒါပေမဲ့ကွာ... မင်းငါ့ကြောင့်တခါငိုတိုင်း ငါ့ရင်ထဲမှာလည်းသေမတတ်ခံစားရတာပါ...