17unizg

1.3K 79 3
                                    

..သူခြယ်မှုန်းသော.. ဆေးပန်းချီ.. 🌿🌿🌿..
....အပိုင်း (၁၇)....

"မင်လေး ဘယ်လိုနေသေးလည်း သက်သာရဲ့လားဟင်.."

အခန်းထဲကို ဝင်ဝင်လာချင်းသူ့မျက်နာလေးတွေကိုဖွဖွအုပ်ကိုင်ပီးစိုးရိမ်တကြီးမေးနေသည်..။ပီးနောက် ကိုကိုကသူ့ရင်ခွင်ထဲဆွဲသွင်းဖက်ထားပြန်သည်...။
ဂျီမင်းကိုကို့ကျောပြင်ကို ပြန်ဖက်ထားရင်း အခန်းတံခပေါက်ဝကိုကြည့်နေမိသည်..။ဂျောင်ဂုဆီက မိသားစုဆိုတဲ့အရိပ်ယောင်စကားများကိုသူကြားခွင့်ရလိုက်တာကြောင့် သူ့ရင်ထဲကြည်နူးမိတာ​တော့အမှန်ပင်..သူတို့ကိုမိသားစုလိုသဘောထားနေသေးတာပဲဒီကောင်လေးက..။ဂျီမင်း ကိုကို့ရင်ခွင်ထဲတိုးဝင်ကာ သွားလေးတွေပေါ်အောင်ထိပြုံးနေမိသည်..။ထိုစဥ် သူ့ရင်ထဲဒိတ်ခနဲခုန်သွားတာကြောင့် ဂျီမင်းကိုယ်လေး အလန့်တကြားတုန်သွားရသည်..။ဘုရားရေ သူ့ကိုကိုရင်ခွင်ထဲရှိနေပီးမှ ဘာလို့တခြားလူကိုရင်ခုန်သွားရတာလည်း..သူမုန်းတယ်လို့ပြောခဲ့ပီးမှလေ...။

"မင်လေး ဘာဖစ်လို့လည်းဟင် ဘယ်နေရာနေလို့မကောင်းလို့လည်း ကိုကို့ကိုပြောလေ.."

သူဖက်ထားနေရင်းမှ ရင်ခွင်ထဲကကောင်လေးကိုယ်လေးတုန်သွားတာကြောင့် သူအလန့်တကြားကောင်လေးကို သူ့ရင်ခွင်ထဲကထုတ်ကြည့်မိသည်...။မျက်ဝန်းလေးတွေက သူ့မျက်ဝန်းနဲ့မဆုံပဲလွှဲဖယ်ကာသူ့ရင်ခွင်ထဲ တိုးဝင်လာပြန်သည်...။

"ဟင့်အင်း ဘာမှမဖစ်ဘူး ကိုကို ခနလောက်ဒီလိုလေးဖက်ထားချင်လို့ပါကိုကို..."

"ဒီကလေးနဲ့ခနလေးမဟုတ်ဘူး အကြာကြီးဖတ်ထားပေးမယ် ရွတ်.."

သူ့ခေါင်းလေးကို မြတ်မြတ်နိုးနိုးလေးငုံ့နမ်းတဲ့ကိုကို့ကြောင့် ဂျီမင်းသူ့ကိုသူအပြစ်ရှိသလိုခံစားနေရတာလည်း...။တောင်းပန်ပါတယ်ကိုကို မင်တောင်းပန်ပါတယ်နော်.. ။မင် ဘာလို့ ခုလိုဖစ်သွားရတာလည်း မင် မ​တွေးတတ်တော့ဘူး..။

ဘယ်သူသိနိုင်ပါ့မလဲ ရင်ခွင်ထဲကကောင်လေးရဲ့ ဒဏ်ရာအချို့ကိုဘယ်သူသိမြင်နိုင်ပါ့မလည်း...။

🌿🌿🌿🌿🌿

"ဘယ်လိုလဲ ဂျောင်ဂု လုပ်ငန်းတွေသေချာနားလည်နေပီလား လုပ်ငန်းခွဲချင်ပီဆို ဦးငယ်ပြောလေ ဦးငယ်ကူညီပေးမယ် အဟက်.."

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now