6unizg

1K 58 3
                                    

...သူခြယ်မှုန်းသော.. ဆေးပန်းချီ.. 🌿🌿...
...အပိုင်း (၆)....

"ဟူး..."

ဂျောင်ဂုမှန်ရှေ့ကိုရောက်နေသည်မှာ မနက်ငါးနာရီထိုးကတည်းက. ခု၇နာရီထိုးနေပီ ခုထိသူပြင်လို့ဆင်လို့မပီးသေး  အခန်းထဲမှာလည်း အကျီတွေက ဟိုတစ်ထည်ဒီတစ်ထည် ဟိုတစဒီတစပြုတ်ကျနေသည်...။တကယ်တော့ ဒီနေ့ကသူ့ရဲ့18နှစ်ပြည့်တဲ့နေ့.... သူ့မွေးနေ့မှာ ကိုကိုကြီးဆီကအဖြေရမယ့်နေ့ သူ့အတွက်ကျရောက်ပီးသွားတဲ့မွေးနေ့တွေမှာတီလေးက မီယောဂုချက်ကျွေးသူလိုချင်တာလေးတွေဝယ်ပေး..ဒီလောက်ပါပဲ ပျော်လားမပျော်လားသူ့ကိုသူမသိ  တစ်ခုတော့သိတယ်  ကိုကိုကသူ့ကိုနှစ်တိုင်းစိတ်ညစ်စရာတွေတော့ပေးတတ်သည်...။ ယခုနှစ်ကတော့ သူ့အတွက်ကိုပိုပီးအဓိပ္ပါယ်ရှိနေသလိုပင်သူခံစားရသည်..ကိုကိုကြီးနဲ့ညနေမှတွေ့ရမှာပေမဲ့ သူ့ပုံစံကကိုကိုကြီးမျက်လုံးထဲမှာကြည့်ကောင်းနေမှဖစ်မည်..။

မျက်နာလေးပြည့်ချင်တာကြောင့် ညက ခေါင်းအုံးပေါ်ကိုမျက်နာမှောက်အိပ်လိုပ်တာ ခုမျက်နာကြီးကအစ်နေပါသည်...။အစောထပီးရေမိုးချိုးပီးကတည်းကသူနဲ့လိုက်မယ့်အဝတ်စားရွေးနေခဲ့တာခုထိသူ့စိတ်ကြိုက်မတွေ့သေးပေ...သူဖွထားတဲ့အခန်းကိုဂျောင်ဂါတစ်ချက်ဝေ့ကြည့်ပီး  သက်ပြင်းမောကိုချကာ..သူဝတ်နေကျအတိုင်း  တီရှပ်အဖြူပေါ်မှာရှပ်လက်ရှည်အဝါရောင်ကွက်လေးကို ဂျင်းပွပွဘောင်းဘီနဲ့သာဝတ်ဆင်လိုက်သည်..ရှုပ်ပွနေတဲ့ခေါင်းကို သူ့လက်နဲ့နှစ်ချက်သာသပ်တင်ပီး ကျောပိုးအိတ်အနက်လေးကို ကောက်ယူကာ  အောက်ထပ်ကိုဆင်းလာခဲ့သည်...။အောက်ထပ်ကိုရောက်သည်နဲ့မီးဖိုခန်းထဲကထွက်လာတဲ့တီလေးနဲ့မျက်နာချင်းဆိုင်တွေ့လိုက်သည်....။

"ဟော..ကူးလေးနိုးပီလား..တီလေးက.သာလေးမနိုးလောက်သေးဘူးထင်လို့..လာနှိုးတော့မလို့..ကဲလာ..သားအတွက်မီယောဂုဟင်းရည်လေးချက်ထားတယ်..လာလာ.."

တီလေးက သူ့လက်ကိုဆွဲခေါ်နေတာကြောင့်..သူတီလေးနောက်ကနေအသာလေးလိုက်ပါသွားရသည်..။မီးဖိုခန်းထဲမှာ​တော့.ကိုကိုရယ်ဦးငယ်ရယ်က..အသင့်ရှိနေကျသည်..အရင်ဆို ခုချိန်မထကျသေးတဲ့လူနှစ်ယောက်က.ဒီနေ့မှ ထူးထူးဆန်းဆန်း...ဂျောင်ဂု ခနမျှကြောင်ရပ်နေရင်းကိုကို့ဆီအကြည့်ရောက်သွားတော့  သူ့ကိုမျက်မှောင်ကြုတ်ကြည့်နေတြ​ကြိုကိုကြောင့် ဂျောင်ဂုအလျင်မြန်မျက်လွှာကိုချပီး ထိုင်ခုံပေါ်ကိုထိုင်လိုက်သည်...။

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now