11uni.zg

1K 60 4
                                    

...သူခြယ်မှုန်းသော.. ဆေးပန်းချီ.. 🌿🌿🌿...
.....အပိုင်း (၁၁).....

"ဟိုဆော့..သားလေးကိုသေချာဂရုစိုက်ပေးနော်..သားလေးအကြောင်းကို.ဟိုဆော့လေးက.အန်တီ့ထပ်ပိုသိမှာပါ..ပုံစံကြည့်တော့အေးစက်စက်လေးပေမဲ့ အမြဲကြိတ်ခံစားတတ်လို့..အန်တီ့အစား.သူ့ကိုပိုဂရုစိုက်ပေးနော်.."

"ဟုတ် အန်တီကျွန်တော်သေချာဂရုစိုက်ပေးပါ့မယ် အန်တီအရမ်းကြီးစိတ်မပူနဲ့နော် ခုပြန်မှာက သူရဲ့မွေးရပ်မြေပဲ ပြီးတော့ ကျွန်တော့ရဲ့မွေးရပ်မြေလည်းဟုတ်တယ"

"အ့တာကြောင့်ခက်တာပေါ့သားရယ် သူဒီကိုရောက်လာခဲ့ရတဲ့အကြောင်းကိုလည်းသားသိရက်နဲ့ကွယ် ဒီလေးစိတ်ပူတာအ့တာပဲ ကလေးစိတ်နဲ့မှားခဲ့တာ လက်ခံပေမဲ့ ခုဟိုပြန်ရောက်ရင် ဂျီမင်းလေးကိုတစ်ခုခုပြန်တုံမှာ စိတ်ပူတယ်ကွယ်..."

အမေဖစ်သူက သူ့ကိုသာတတွတ်တွတ်မှာနေပေမဲ့  သားဖစ်သူကတော့  ဘာကိုမှအာရုံမထား.ဖုန်ုးကိုသာစူးစိုက်ကြည့်နေသည်..။သူကိုလည်း ဟိုတစ်လောက အန်တီက ဂျောင်ဂုနဲ့လိုက်သွားပေးရန် တောင်းဆိုလာတာကြောင့် သူမငြင်းပဲလိုက်ရန်ခေါင်းငြိမ့်ခဲ့သည်..။ခုလည်းသားဖစ်သူကိုသူထံအပ်နေတာကြောင့် ဟိုဆော့စိတ်ထဲကသာကြိတ်ပြုံးမိသည် သူ့သားက ကလေးမဟုတ်တော့တာ အန်တီမေ့နေပီထင်ပ့ါ...။

"စိတ်ချပါ အန်တီကျွန်တော်သေချာ ဂရုစိုက်ပေးပါ့မယ် လေယာဥ်ချိန်ကနီးနေပီ ကျွန်တော်တို့အထဲဝင်တော့မယ်နော် အန်တီလည်းဂရုစိုက်ပီးပြန်နော်.."

"အေးကွယ်အေးအေး.."

ဟိုဆော့ အန်တီလက်ကိုတစ်ချက်မျှဆုပ်ကိုင်လိုက်ပီး အထဲသွားရန် ထိုင်နေတဲ့ဂျောင်ဂုဆီအရင်လက်ဆွဲသွားခေါ်ရသည်.။သူ့လက်ကိုလာဆွဲမှ ဖုန်းထဲမှရောက်နေတဲ့အာရုံတွေက ဟိုဆော့ဆီကိုရောက်လာရသည်..။

"အကိုပီးပီးလား အ့ဆိုသွားမယ်လေ.."

ထိုသိုပြောပီးရှေ့ကထွက်သွားတဲ့ကောင်လေးကျောပြင်ကိုဟိုဆော့ကြောင်တောင်တောင်လေးငေးကြည့်နေမိသည်..။အမေဖစ်သူကိုနူတ်ဆက်ဖို့မပြောနဲ့ လှည့်ပင်မကြည့်သွားတဲ့ထိုကောင်းလေးကြောင့် ဟိုဆော့ခေါင်းကိုသာခါရမ်းမိတော့သည်..သူကသားအရင်းလား ဟိုကောင်စုတ်လေးကသားအရင်းလား မသဲကွဲချင်တော့..။နောက်ဆုံးတော့လည်းသူပဲ ဂျောင်ဂု အမေကိုတစ်ချက်မျှလှည့်ကြည့်ကာ ပြုံးပြလိုက်ရသည်...။ဟူး..မင်းကတကယ်မလွယ်ကျောပဲ ကောင်စုတ်လေးရေ..ငါ့ကိုဘာအတွက်မင်းနဲ့အတူဆိုးလ်ကိုခေါ်ရတာလည်းကိုတော့ ငါသိချင်တယ်.....။

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now