..သူခြယ်မှုန်းသော ဆေးပန်းချီ.. 🌿🌿🌿..
.....အပိုင်း (၁၃)....."ကိုကို.."
"အွန်းပြောလေ မင် ဘာလို့ချင်လို့လည်း..."
"မဟုတ်ဘူးကိုကို ထယ့်ကိုကြည့်ကြည့် သူဟိုနေ့ကပစ္စည်မှာပီး ပြန်လာကတည်းက တစ်ယောက်ထဲ ပြုံးလိုက်ရီလိုက်လုပ်နေတာ တစ်ခုခုများဖစ်နေသလား ကိုကို မေးကြည့်ပါဦးလား"
"လွှတ်ထားလိုက်ပါ အ့ကောင်လေးစိတ်ရူးပေါက်နေတာနေမယ်.."
"ကိုကိုနော် ကိုယ့်ညီကို အ့လိုပြောစရာလား မင်မကြိုက်ပါဘူးနော်.."
"အဟဲ ကိုကိုကစတာပါမင်ရဲ့ ခုပဲကိုကိုသွားမေးမယ်နော် နော်.နော်လို့.."
"အွန်းသွား ကောင်းကောင်းမေးနော် ရန်တွေဖစ်မနေနဲ့.."
ယွန်းဂီ သူ့အချစ်ကလေးသဘောအတိုင်း ကောင်တာမှာ လက်ထောက်မှေးတင်တွေးနေတဲ့ထယ့်ဆီကိုသွားသည်..။သူ့အနားရောက်နေတာကို မသိသေးပဲ ပြုံးပြုံးကြီးလုပ်နေပြန်တာကြောင့်..ယွန်းဂီ ထယ့်ရဲ့နှောက်စေ့ကို အားနဲ့ရိုက်ချလိုက်လေသည်..။
"အမေရေ.."
ထယ်နောက်ကနေအရိုက်ခံလိုက်ရတာကြောင့် လန့်ဖျန့်ကာတွေးနေတဲ့အတွေးတွေသည်လည်း ပျောက်ပျယ်သွားရသည်..။စိတ်တိုတိုနဲ့ ရိုက်တဲ့လူကိုလှည့်ကြည့်တော့ သူ့အကိုဖစ်နေသည်...။
"ဟာ ယွန်းဂီ hyungဘာလုပ်တာလည်းဗျ ဒီမှာကျွန်တော်လန့်သွားပီလေ.."
"ငါထပ်လုပ်လိုက်ရ မင်းဟိုနေ့ကပြန်လာကတည်းက တစ်ေယာက်ထဲငါးပြုံး ပြုံးနေတာလေ အ့တာဘာဖစ်တာလည်း.မင်ငယ်ကမင်းကိုစိတ်ပူလို့ငါ့ကိုမေးခိုင်းလိုက်တာ.."
ထယ်ကယွန်းဂီမေးတာကို အရေးမလုပ်တော့ပဲ ကောင်တာထဲကထွက်ကာ ဂျီမင်းရှိတဲ့ မီးဖိုဆောင်ဆီကိုဦးတည်သွားလေသည်..။
"ဟျောင့်ထယ်ယောင်း ဘယ်သွားတာလည်း ငါမေးနေတာဖြေလို့.."
ယွန်းဂီ နောက်ကနေအပြေးလိုက်သွားရသည်...။
"ဂျီမင်းနား..အဟင့်.."
"ဟင် ဘာ ဘာဖစ်လာတာလည်းယောင်း "
YOU ARE READING
သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿
Fanfiction.."ကိုယ်တိုင်.တမင်နာကျင်ထိခိုက်အောင်လုပ်ခဲ့ပီးမှ ဘာလို့ငါ့ရင်ထဲက တဆစ်ဆစ်နာကျင်နေရတာလည်း..ဟင့်အင်း မချစ်ချင်ဘူး မင်းကိုငါမချစ်ချင်ဘူး ဟုတ်တယ် မင်းကိုမုန်းနိုင်အောင်ကြိုးစားရမယ် ဒါပေမဲ့ကွာ... မင်းငါ့ကြောင့်တခါငိုတိုင်း ငါ့ရင်ထဲမှာလည်းသေမတတ်ခံစားရတာပါ...