『Unicode 』
ကျန်းလျိုရှန်း၏နေရာကို သွားရမည်ဆိုကတည်းက သူ လက်ဗလာနှင့်တော့ မသွားနိုင်ပေ။ ရှရှီးအိုက်မှာ သူငယ်ချင်းတစ်ယောက်၏ အိမ်ကို ပထမဆုံးသွားတဲ့အခါ ဘာလက်ဆောင် ယူသွားရမလဲ တကယ်မတွေးတတ်ပါချေ။ သို့သော် သူငယ်ငယ်က အိမ်နီးချင်းအိမ်သို့ သွားပါက သူ့အဖိုးသည် သူ့တို့၏ သီးပင်စားပင်များမှ အသီးတွေကို ခူးပြီး အမြဲယူသွားခိုင်း၏။ သူ တွေးကြည့်ပြီးနောက် သူဟာ နီးနီးနားနားရှိ အသီးဆိုင်မှ ရာသီအလိုက် တင်သွင်းထားသည့် သစ်သီးအချို့ကိုဝယ်ကာ ဆရာဝမ်အား ကျန်းလျိုရှန်း၏ ရပ်ကွက်ဂိတ်ဝသို့ လိုက်ပို့ခိုင်းလိုက်သည်။ သူကားထဲက ဆင်း၍ ဝင်လာရန်အပြုလုံခြုံရေးအစောင့်က တားမြစ်လာခဲ့၏။
" မင်္ဂလာပါ ဆရာ ၊ ဘယ်တိုက်ခန်းကိုရှာနေတာလဲ ? "
" ကျန်းလျိုရှန်းပါ။ အဆောက်အအုံAရဲ့ ၃၆လွှာမှာနေပါတယ်။ ကျွန်တော်က သူ့မိတ်ဆွေ ရှမျိုးရိုးပါ " ရှရှီးအိုက်ကယဉ်ကျေးစွာ ပြန်ဖြေလိုက်ပြီး အနှီလုံခြုံရေးက သူ့ကို မသိလောက်ဟု တွေးမိလေသည်။
" ဟုတ်ပါပြီ၊ ခဏစောင့်ပါ " လုံခြုံရေးအစောင့်က နံပါတ်တစ်ခုကို ခေါ်လိုက်ပြီး တစ်ဖက်သို့ပြောလိုက်သည်မှာ " မင်္ဂလာပါ မစ္စတာကျန်း 《အနောက်ဖက်ခရီးတစ်လျှောက်》မှာပါတဲ့ မစ္စတာရှရှီးအိုက်က မင်းကို လာရှာပါတယ်။ ကျွန်တော် ဝင်ခွင့်ပြုပေးရမလား ? "
ရှရှီးအိုက် : "........"
လုံခြုံရေးအစောင့်က ဖုန်းချလိုက်ပြီးမှ " စောင့်ခိုင်းရတာ အားနာပါတယ်ဗျ။ ကျွန်တော့်အဖို့ မစ္စတာကျန်းနဲ့ အတည်ပြုဖို့လိုတယ်လေ။ သူ့ကိုလာရှာနေတဲ့ နာမည်ကြီးတွေက အရမ်းများပြီး များသောအားဖြင့်သူက မတွေ့ချင်တတ်တော့ကျွန်တော် မင်းကို ဒီတိုင်း ဝင်ခွင့်ပေးလို့မရဘူး "
".......ဟုတ်...နားလည်ပါတယ်..... "
ဒီလုံခြုံရေးစနစ်က အမှန်တကယ် တင်းကျပ်တာပဲ။
အောင်မြင်စွာ ဖြတ်သန်းလာခဲ့ပြီးနောက် လုံခြုံရေးအစောင့်က ကင်းလှည့်ကားဖြင့် သူ့ကို အဆောက်အအုံထံ မောင်းပို့ပေးသည်။ ရှရှီးအိုက် ရှုခင်းမြင်ရသည့် ဓာတ်လှေကားမှ ခြေချလိုက်ပြီး တက်နေတုန်းမှာ အစက်အပြောက်ဟူသည်မရှိသည့် ဖန်သားပြင်၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ နေဝင်ဆည်းဆာက ခပ်စွေစွေနှင့် လိမ္မော်ဝါရောင်နေရောင်ခြည်က တသိမ့်သိမ့်လှုပ်ခတ်နေသော မြစ်မျက်နှာပြင်ထက်တွင် ထင်ဟပ်နေလျက် ၊ အလင်းယိုင်၍ မီးစုန်းတောက်သလို တလက်လက်နှင့် လှပလှပေသည်။
YOU ARE READING
သီးသန့်အချစ် || ဘာသာပြန် ||『 Completed』
Romance" ကိုယ့်မိသားစုက ကိုယ့်ကို အဲ့လိုအကြိမ်ပေါင်းများစွာ ပြောခဲ့ပေမယ့် ကိုယ်က အပြစ်ရှိစိတ်နဲ့နောင်တတွေကို ခံစားရတုန်းပဲ။ အဲ့ဒါက--- မင်းနဲ့ မတွေ့ခင်အထိ "