『Unicode』
ဆောင်းရာသီ၌ ရာသီဥတုဟာ အေးလာခဲ့ပြီး 《ဇာတ်ကောင်အတွင်းဝင်ရောက်ခြင်း》သည် ပြည်တွင်း အဓိက ရုပ်ရှင်ရုံကြီးတွေမှာ ထုတ်လွှင့်ပြသခဲ့ပေသည်။
ရုပ်ရှင်ဧကရာဇ်ကျန်း၏ ဖန်သားပြင်ပေါ်ပြန်လာပြီးနောက် ပထမဆုံး ရုပ်ရှင်ဖြစ်သည့်အလျောက် လူသိရှင်ကြားအချစ်ရေးနှင့် ဇနီးမောင်နှံနှစ်ယောက်၏ တွဲဖက်မှုပါ ထပ်လောင်းလိုက်လျှင် လုံးဝ ကြော်ငြာစရာပင်မလိုအပ်တော့ပေ။ Box Office၏ အကြို-ရောင်းချရငွေက အလျင်အမြန်ပင် သန်း၁၀၀ကိုကျော်လာခဲ့၏။ ဖန်တွေက သီးသန့်ရုပ်ရှင်-ကြည့်ပွဲစဉ်ပေါင်း တစ်ထောင်ခန့်ကို စီစဉ်ပေးခဲ့ကြပြီး ရုပ်ရှင်ရုံများ၌ ရုပ်ရှင်ပြသနှုန်း ၇၀% ကိုကျော်လွန်သွားကာ Hot Searchတွင်လည်း ဆက်စပ်သည့် Topicsတွေက မြင့်မြင့်မားမားရပ်တည်နေခဲ့သည်။
ရှရှီးအိုက် သီဆိုထားသော မူလအဖွင့်သီချင်းသည်ပင် အဓိက Chartများတွင် တစ်ဟုန်ထိုး ပထမနေရာသို့ သက်ဆင်းပြီးရက်သတ္တပတ်အတော်ကြာထိပ်ဆုံးမှာ ရောက်ရှိနေခဲ့ပေသည်။ ပြတ်သားသည့် ဂီတဝေဖန်ရေးသမားများပင် ဆက်စပ်၍မှတ်ချက်ပြုလာကြ၏ : " ပွဲဦးထွက်တာ အခုမှ နှစ်နှစ်ကျော်ပဲရှိသေးတာကို ဒီလို ကိုယ်ပိုင်စာသားတွေ သံစဉ်တွေနဲ့ ဒီလိုသီချင်းကိုဖန်တီးနိုင်တယ်ဆိုတော့ လူငယ်တစ်ယောက်အတွက်ဆိုရင် တကယ် မိုက်တာပဲ "
ဒါပေါ့ ၊ ဖန်တွေ၏ အာရုံကို အဆွဲဆောင်နိုင်ဆုံးကတော့ရုပ်ရှင်ထဲမှ သူတို့နှစ်ယောက်၏ ပြိုင်ဆိုင်မှုပင်ဖြစ်သည်။ သူတို့နှစ်ယောက် ဇာတ်ကွက်တစ်ခုတည်းဖြစ်တာက တစ်မိနစ်၊နှစ်မိနစ်မျှသာရှိသော်လည်း ဖန်တွေက ထောင်ပေါင်းများစွာသော အခန်းငယ်တွေ ၊ အရောင်ပြုပြင်ခြင်းများနှင့် retouching တွေကို တစ်သုတ်ပြီးတစ်သုတ်ပြုလုပ်ခဲ့ကြသည်။အသစ်ပါဝင်လာသော တည်းဖြတ်သူတွေက သူတို့၏ အိုင်ဒီယာများကို တစ်ခုပြီးတစ်ခု အသုံးပြုခဲ့ကြချေသည်။
ဖန်အသိုင်းအဝိုင်းထဲ၌ အဆုံးမဲ့ ပေါ်ထွက်နေပါသော Cutတွေနှင့် ဇာတ်လမ်းများက အမျိုးပေါင်းစုံ ရောထွေးနေလျက်။ခဏလောက်တော့ ဖန်အသိုင်းအဝိုင်းကြီးဟာ တရုတ်နှစ်သစ်ကူးပမာ စည်ကားနေချေတော့၏။ အချိန်နှင့်တပြေးညီtopicဖြစ်သည့် # ချစ်မယ်ဆိုရင် နက်နက်ရှိုင်းရှိုင်းချစ် # သည် စက္ကန့်နှင့်အမျှ ပြန်ဆွဲချကြည့်ချိန်တိုင်း အကြောင်းအရာအသစ်တွေ ဆယ်ချီမကတော့၏ :
BẠN ĐANG ĐỌC
သီးသန့်အချစ် || ဘာသာပြန် ||『 Completed』
Lãng mạn" ကိုယ့်မိသားစုက ကိုယ့်ကို အဲ့လိုအကြိမ်ပေါင်းများစွာ ပြောခဲ့ပေမယ့် ကိုယ်က အပြစ်ရှိစိတ်နဲ့နောင်တတွေကို ခံစားရတုန်းပဲ။ အဲ့ဒါက--- မင်းနဲ့ မတွေ့ခင်အထိ "