『Unicode』
Backstage အဝတ်လဲခန်းအတွင်း၌ ဝန်ထမ်းနှင့် မိတ်ကပ်ပညာရှင်များဟာ နောက် ကဏ္ဍအတွက် ပြင်ဆင်ရင်းအလုပ်များနေကြသည်။ဂိမ်းထဲရှိ ဧည့်သည်များက ယခုတင် အားများစွာ သုံးစွဲထားကြသည်လေ။
ရှယ်ရီက ပေါင်ဒါဆက်ကို သွားယူနေခိုက် ရှရှီးအိုက်က သူ့မျက်လုံးထောင့်လေးမှသည် ကျန်းလျိုရှန်းအား အမြန် ခိုးကြည့်လိုက်၏။
တစ်ဖက်လူက ထိုအခိုက်ဝယ် မျက်လုံးတွေမှိတ်ထားပြီး ၊ ဘေးတိုက်မျက်နှာက ချောမော၍ ရဲရင့်ပြတ်သားကာ မျက်ခုံးတွေက သွယ်ချွန်း၍ နှာတံဖြောင့်စင်းသည်။
ကျန်းလျိုရှန်းက တကယ်ချောတာပဲ..... ရှရှီးအိုက် တိတ်တိတ်လေးတွေးနေမိသည်။ သူဟာ ချမ်းသာ၍ အင်အားကြီးမိသားစုနောက်ခံနှင့် သမိုင်းမှာ အသက်အငယ်ဆုံးသရုပ်ဆောင်ဖြစ်ပြီး ဖော်ရွေကာ ကြင်နာတတ်သည့် စရိုက်ရှိသည်။
ထိုသို့သော အင်အားကြီး၍ ကြည့်ကောင်းသူတစ်ယောက်က တကယ်ပဲ သူ့ကိုကြိုက်နေတယ်......
သူ နှုတ်ခမ်းစွန်းလေးတွေ မြင့်တက်သွားသည့်တိုင် အမြန် အပြုံးအား ဖုံးကွယ်လိုက်ရ၏။
အစောကြီး ပျော်လွန်းအားကြီးနေလို့ မဖြစ်ပေ ၊ အကယ်၍ မှားယွင်းနေခဲ့ရင် ဘယ်လိုလုပ်ရပါ့ ? ကျန်းလျိုရှန်းက အရာရာတိုင်းမှာတော်ပြီး ၊ ကစားနိုင်သည့်စွမ်းရည်ကြီးမားကာ ၊ လူတွေကိုစနောက်ရတာကလဲကြိုက်သည် ; ယခု သူပြောလိုက်သည့်စကားမှာလည်း သူပျော်အောင်လုပ်ပေးရုံသာ ဖြစ်နိုင်သည်။ ပြီးတော့ သိပ်မကြာခင်ကမှ သူက အပြင်မှာတစ်စုံတစ်ယောက်နှင့် ချိန်းတွေ့ထားသေးသည် ၊ ဖြစ်နိုင်တာက......ဖြစ်နိုင်တာက သည်အတိုင်း ပျော်ချင်ရုံသက်သက်မျှက သူ့အတွက် သူက အရမ်းမရေမရာဖြစ်နေ၏။
ရှရှီးအိုက် သူ့လက်ကောက်ဝတ်မှ နာရီလေးကို စိတ်ပူပင်စွာ ဖိရင်း လက်ပတ်ကြိုးကို ပွတ်သပ်လိုက်မိသည်။ ပြီးသော် သူဘေးရှိ ကျန်းလျိုရှန်း၏ လက်မှ သူဝယ်ပေးထားသော နာရီကို တစ်ချက်ကြည့်ရင်း မိမိဘာသာအနည်းငယ် စိတ်ချလက်ချဖြစ်စေသည်။
VOUS LISEZ
သီးသန့်အချစ် || ဘာသာပြန် ||『 Completed』
Roman d'amour" ကိုယ့်မိသားစုက ကိုယ့်ကို အဲ့လိုအကြိမ်ပေါင်းများစွာ ပြောခဲ့ပေမယ့် ကိုယ်က အပြစ်ရှိစိတ်နဲ့နောင်တတွေကို ခံစားရတုန်းပဲ။ အဲ့ဒါက--- မင်းနဲ့ မတွေ့ခင်အထိ "