အခန်း - ၅၆

9.9K 1.3K 68
                                    

『Unicode 』



ရှရှီးအိုက်မှာ ကျန်းလျိုရှန်းက " နှုတ်စလျှာစ " ရှိသူဖြစ်ကြောင်း ဟယ့်အန်းပြောခဲ့တာကို နောက်ဆုံး နားလည်ခဲ့လေပြီ။

သို့သော် နှလုံးသားချင်းဖလှယ်လို့ မပြီးသေးတဲ့ ချစ်စိတ်ပြင်းပြသည့် ကာလအပိုင်းအခြားက တကယ် နစ်မြှုပ်ရလေသည်။ အချစ်စကားတွေနှင့် မျက်လုံးထဲမှသွင်ပြင်တို့ဟာ လူနှစ်ယောက်ကို အချိန်အကြာကြီး အတူတွယ်ကပ်စေခဲ့ပြီး ရှိုးတစ်ဝက်လောက်ကို အချင်းချင်း ရင်ခွင်ထဲမှာ ဖက်တွယ်၍ ကြည့်ခဲ့ကြလေသည်။

အလယ်လောက်၌ ကြော်ငြာချိန်အတောအတွင်းမှ ရှရှီးအိုက်က ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်၍ ချက်ချင်းမတ်မတ်ထထိုင်သည်။

ကျန်းလျိုရှန်းမှာ သူ​၏ နားရဲရဲလေးတွေကိုကြည့်ရင်း တိတ်တိတ်လေး ပြုံးလိုက်မိသည်။ သူ​၏ အတွေးသေးသေးလေးတွေကို မထိခိုက်တော့ပဲ သူ့ဖုန်းကိုထုတ်၍ အကောင့်ပိုကိုပြောင်းလိုက်​၏။

《ရွှေတံဆိပ်ရှိုး》​၏ အမေးအဖြေကဏ္ဍနှင့် ဂိမ်းကဏ္ဍပထမတစ်ဝက်ဟာ အင်တာနက်တွင် အမှန်တကယ် ပေါက်ကွဲနေချေပြီ။ ထိုအချိန်က သူတို့နှစ်ယောက်ကြားရှိ မရေမရာ အပြန်အလှန်တုံ့ပြန်ချက်တွေက ပြင်းအား တစ်ဆယ်ရှိငလျင်လို့သမုတ်လို့ရပြီး ဖန်အသိုင်းအဝိုင်းသုံးခုကို လှုပ်ခါစေကာ ဖြတ်သွားဖြတ်လာတွေပင် ဆွေးနွေးမှုထဲသို့ ထက်ထက်သန်သန်နှင့် ပါဝင်လာကြသည်။ မျိုးစုံသော Gifနှင့် ဗွီဒီယိုတွေ Repostလုပ်ခံရကာ နာမည်ကြီးလာခဲ့သည်။

[ ငါ ဘာတွေမြင်နေတာလဲဟင် ? ? ? ? ဒါက ဒိတ်တင်းရှိုးလား hello ? ? ? ? ]

[ Fine။ ငါဒီနေ့ ရှန်းချင်ကနေ တရားဝင်ထွက်လိုက်ပြီ။ ရှန်းအိုက် is real ! ! ! ! ! ]

[ အရင်က မြင်ကွင်းကနေ ပြန်လာတဲ့ repoက ပြောတာ ရိုက်ကူးရေးလဲပြီးရော တစ်ယောက်ချင်းဖန်တွေတောင် CPဘက်ပြောင်းသွားတယ်တဲ့။ငါ အစတုန်းက မယုံခဲ့ပေမယ့် အခုတော့ ယုံပါပြီ။ ]

[ " ရေစက်ပဲ ဖြစ်မယ် " ! ! ! ! အား ! ငါ အကြိမ်ကြိမ်ပြန်သေလို့ရပြီ ! ! ! ! ရှန်းကောကတော့ ရှန်းကောဖြစ်ထိုက်ပါပေတယ်! ! ! ကြွားချက်! ! ! ! ]

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now