အခန်း - ၇၇

9.2K 1.1K 58
                                    

『Unicode 』



ရိုက်ကူးရေးမှာ နောက်ထပ်နှစ်ရက်မျှနေပြီးနောက် ရှရှီးအိုက်ဟာ 《ဇာတ်ကောင်အတွင်းသို့ ဝင်ရောက်ခြင်း》မှာ သူ​၏ပထမဆုံးသော ဇာတ်ကွက်ကို နေရာချထားခံရတော့မည်ဖြစ်သည်။ယင်းက မိနစ်ဝက်စာမျှ အခန်းလေးသာဖြစ်သော်လည်း မတိုင်ခင်ညမှာ ရီဟာဇယ်လုပ်ရန် အင်အား ၁၂၀,၀၀၀လောက် မောင်းတင်ထားခဲ့ရသည်။

ဇာတ်ညွှန်းထဲ၌ သူဟာ နယ်လှည့်အဆိုတော်တစ်ယောက်အဖြစ် သရုပ်ဆောင်ရမည်ပင်။ သူက ကျန်းလျိုရှန်းသရုပ်ဆောင်သည့် မင်းသားနှင့် လမ်းမထက်မှာ တွေ့ဆုံခဲ့​၏။ ထိုအချိန်၌ ရုပ်ရှင်မင်းသားဟာ အလွန်ခိုကိုးရာမဲ့နေပြီးဖြတ်လျှောက်အခန်းလေးတွေသာ သရုပ်ဆောင်နိုင်သည်​။ သူဟာ ညစ်ညစ်ပေပေဝတ်စား၍ လမ်းမပေါ်တွင် ရိုက်ကူးရေးက ပေးသည့်နေ့လယ်စာထမင်းဘူးကို စားသောက်နေခဲ့သည်။ အဆိုတော်လေးက သူ့ကို သူတောင်းစားအဖြစ် အထင်မှားခဲ့ပြီး ယခု လမ်းပေါ်မှ ဖျော်ဖြေရင်း ရလာခဲ့သည့် ပိုက်ဆံများကိုပေးကာ သူ့ကို အားပေးစကားတချို့ပြောကြားခဲ့တာဖြစ်သည်။

" မင်းက ဒီဇာတ်ကွက်နဲ့ လုံးဝအဆင်ပြေမှာ " ကျန်းလျိုရှန်းက ကလေးကို ရင်ခွင်ထဲမှာ ထည့်ထား၍ ဟိုတယ်အိပ်ရာပေါ်မှာ လှဲနေရင်း ဝင့်ကြွားစွာဆို​၏ : " သူ ဒီအခန်းမထည့်ခင် ကိုယ့်မှာ အချိန်အကြာကြီး ကြိုးစားခဲ့ရတာ။ ရုပ်ရှင်မင်းသားတစ်ယောက်က ကြင်နာတတ်တဲ့ အဆိုတော်လေးကြောင့် အဖတ်ဆယ်နိုင်ခဲ့တယ်။ဒါက ကိုယ်တို့ရဲ့ ပင်ကိုစရိုက်ပဲလေ။ "

ရှရှီးအိုက်က ပြန်ပက်​၏ : " သေချာပေါက် ကျွန်တော်တို့ ဇာတ်ရုပ်တွေက ပြောင်းပြန်ဖြစ်နေတာကို "

လဲပြိုသူဟာ သူသာလျှင်ဖြစ်ပြီး အဖတ်ဆယ်ခံရသည့်သူဟာလည်း သူသည်သာ။ ကျန်းလျိုရှန်းဟာ ဘယ်တုန်းကမှပလ္လင်ပေါ်က မပြုတ်ကျခဲ့ဖူးပေ။ သူ အချိန်တစ်ခုလောက် စိတ်ဓာတ်ကျခဲ့စေဦး ၊ အဓိကနေရာနှင့် တိမ်တွေပေါ်မှာ မြင့်မြင့်မားမားရပ်တည်နေနိုင်ဆဲဖြစ်သည့် ကောင်းကင်ဘုံ​၏ ဝင့်ကြွားဖွယ် မျက်ရှုကလေးပင်။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now