အခန်း - ၈၀

10.4K 1K 13
                                    

『Unicode 』


Warning : Mature Contents and dirty words

Read at your own risk or skip this chapter


ရှရှီးအိုက် မတုံ့ပြန်နိုင်ခင်မှာပင် သူဟာ နှာဗူးကျန်းထံမှ ကောက်ပွေ့ကာ အိပ်ရာပေါ် ပစ်တင်ခံလိုက်ရပြီ။ နူးညံ့သည့် မွေ့ရာက ဆန့်ကျုံ့သတ္တိအပြည့်နှင့် သူ့ခမျာ နှစ်ခါလောက် ခုန်သွားပြီး စိတ်မှာလဲ အနည်းငယ် ရီဝေသွား​၏။

သူတို့ ယခုလေးတင်မှ နုငယ်စဉ်က အပြစ်ကင်းလှပသည့် ပထမဆုံးရင်ခုန်သံအကြောင်း ပြောနေတာမဟုတ်ပေလား ? ဘာကြောင့် ရုတ်တရက်ကြီး ညစ်ညစ်ညမ်းညမ်း လူကြီးခေါင်းစဉ်ဆီ ရောက်သွားရသနည်း ?

ကျန်းလျိုရှန်းက သူ့ခေါင်းနောက်မှ ပင့်,၍ နမ်းတော့မည်အပြု ၊ ရှရှီးအိုက်က ကပ်မလာနိုင်စေရန် ချက်ချင်း သူ့ပခုံးကို ဖိထားလိုက်သည်။

" ခဏလေး ​! ကျွန်တော် ပြောလို့မပြီးသေးဘူး ! "

ကျန်းလျိုရှန်းက ဇွတ်မလုပ်ပဲ မေးသည် : " တခြား ဘာသိချင်တာလဲ ? "

" ဘယ်... ဘယ်အချိန်က သိသွားခဲ့တာလဲ ? "

" ကိုယ်တို့ ရိုက်ကူးရေးစတဲ့နေ့က ၊ ဒါရိုက်တာဟယ့်က ကိုယ့် ပထမဆုံးရုပ်ရှင်ရိုက်တဲ့နေရာကို ထည့်ပြောလာတာနဲ့ ကိုယ်မှတ်မိသွားတာပဲ "

" ခင်ဗျား ဒီလောက်အစောကြီးသိနေတယ် ? ဘာလို့ ကျွန်တော့်ကို မပြောခဲ့တာလဲ ? "

" ကိုယ်မပြောဘူးလား ၊ မင်းသဝန်တိုမဲ့အရေးကို ရှာချင်ပါတယ်လို့ " ကျန်းလျိုရှန်း​၏ အသံက အနည်းငယ် စိတ်စောနေသလို အသက်ရှုသံတွေကလဲ ခပ်ပြင်းပြင်းပင် : " စကားမစပ် ကိုယ်ရဲ့ကောင်းတာလေးတွေရော မှတ်မိသေးလားလို့ သိချင်နေတာ ၊မင်းကတော့ မစ်တီးကိုပဲ မှတ်မိတယ်"

" ကျွန်တော်မဟုတ်...ကျွန်တော် ခင်ဗျားဟာကို မှတ်မိမနေဘူး။ "

ရှရှီးအိုက်က မပွင့်တပွင့်နှင့် : " ဒါပေမယ့် ကျွန်တော်အခုထိ မယုံနိုင်သေးဘူး။ ဘယ်လိုလုပ်ပြီး ကျွန်တော့်ကိုကိုကြီးကခင်ဗျားဖြစ်လာရတာလဲ..... "

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Donde viven las historias. Descúbrelo ahora