အခန်း - ၃၅

8.3K 1.3K 49
                                    

『Unicode』


နှစ်ရက်ခန့်ကြာသော် ပြည်တွင်းဂီတလောကမှာ အမြင့်ဆုံးဆုဖြစ်သည့် ဟွာချွီဆုပေးပွဲအခမ်းအနားကို သတ်မှတ်ထားသည့်အတိုင်း ကျင်းပခဲ့ရာ မြောက်မြားစွာသော ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့​၏။ညနေခြောက်နာရီ၌ ကော်ဇောနီ Liveကို ရုပ်သံအများအပြားတွင် တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့လေရာ ကြည့်ရှုသူဆယ်သန်းအထိချက်ချင်းရောက်သွားခဲ့သည်။ ကျန်းလျိုရှန်း စင်မြင့်ထက်တွင်ပေါ်လာသောအခါ သန်း၅၀အထိ တိုးတက်သွားရလျက်။တိုက်ရိုက်ထုတ်လွှင့်မှု၌ တရစပ်သိပ်သည်းလာပြီး စခရင်ပင် မမြင်ရတော့ :

[ အား ! ! ရှန်းကောက နဂိုထက်တောင်ပိုချောနေတယ်လို့ ! ! ! ! ! ဘယ်လောက်တောင် ဟော့နေ ! ! !]

[ ဒီဝတ်စုံက သူနဲ့အရမ်းမိုက်တာပဲ ! ! ! ! အဲ့ဒါကုတ်အနက်မဟုတ်ဘူး ဗန်ပိုင်းယားဝတ်ရုံလို့ ! ! နတ်ဘုရား အရှိန်အဝါပဲ ! ဒီလောက်တောင်ခန့်ညား ! !]

[ ဟားဟားဟားဟား ရှန်းကောကြည့်ရတာ အအေးကြောက်တဲ့ပုံပဲ ? ဒီည သုညဒီဂရီဆိုတော့ နွေးနွေးထွေးထွေးပေါ့ ]

[ ရင်ကို တည့်တည့်ပစ်ခွင်းပြီး ကျန်းလျိုရှန်းရဲ့ ၁.၈မီတာရှိတဲ့ခြေတံရှည်တွေအောက်မှာသေပါရစေ ! ]

[ ရှန်းကောက ဆုကြေညာပေးရမဲ့သူမဟုတ်လား ? ! အား ! သူ့အသံလေးပဲ စဉ်းစားလိုက်ရင်ကို ရူးခါ ! I ဘယ် အဆိုတော်ကများ ကံကောင်းမလဲ သိချင်ပြီ ! ]

[ ရိုးရိုးသားသားပြောရရင် သူ အဲ့လူကိုဆုပေးနိုင်ဖို့မျှော်လင့်တယ်။ ဒါပေမယ့် ငါတွေးမကြည့်ရဲဘူး......]

အနှီ ပေါ်လာသော ကွန်မန့်တွေဟာ ချီးကျူးအားပေးခြင်းများက အလျင်အမြန်ပင် လွှမ်းမိုးကာ သဲလွန်စမရှိ ပျောက်ကွယ်သွား​၏။

ကျန်းလျိုရှန်းဟာ ပုံသေကားကျပင် ပြုံးလျက် ရာချီနီးပါးရှိသည့် မီဒီယာများ​၏ အဆက်မပြတ် တဖျပ်ဖျပ်လက်နေသည့်မီးရောင်များထံ မျက်နှာမူထားသည်။ သူ တမင်တကာပင် ကော်ဇောနီပေါ်မှာ အနည်းငယ်ကြာအောင် နေခဲ့ပေငြား သူပေါ်လာဖို့ မျှော်လင့်ထားမိသည့် ပုံရိပ်လေးက ပေါ်မလာခဲ့ပေ။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now