အခန်း - ၆၄

9.5K 1.2K 55
                                    

『Unicode』



နာရီဖြစ်ရပ်က လှုပ်လှုပ်ရှားရှားဖြစ်တာ အဆုံးသတ်လာခဲ့ပြီး အေးတိအေးစက်ဖြင့်သာ နိဂုံးချုပ်သွား​၏။

" လက်ရှိ အင်တာနက်သတင်းတွေဆိုတာက အရမ်း အက်ဒိပ်မြန်တယ်။ အားလုံးက လွယ်လွယ်မေ့ပြီး ရက်နည်းနည်းလောက်နေရင် ဘယ်သူမှ ထပ်မပြောကြတော့ဘူး။ ကိုယ်တို့ကသာ ရှေ့ထွက်ရှင်းပြနေရင် ဖန်တွေကြားမှာ ပဋိပက္ခတွေပိုတိုးရုံပဲရှိမယ်။ မီီဒီယာထုတ်ဝေတာတွေ ကောင်းကင်တခွင် ဝဲပျံနေပေမယ့် လျစ်လျူရှုထားလိုက်တာက ကောင်းတယ်။ဘာပဲဖြစ်ဖြစ် ဖန်တွေက ထင်ကြေးသာသာပဲလေ။ " ကျန်းလျိုရှန်းက ဒီလိုနည်းနဲ့ ခွဲခြမ်းပြ​၏။

လက်တွေ့မှာလဲ အမှန်တကယ် သူ့မျှော်လင့်ထားသလိုပင်။ နှစ်ရက်အကြာ 《ဇာတ်ကောင်အတွင်းဝင်ရောက်ခြင်း》တရားဝင်စတင်သောအခါ ဖန်ကလပ်တော်တော်များများက ခေါင်းစဉ်ပြောင်းလာကြ၍ ဖန်အနည်းစုမျှသာ နာရီအကြောင်းဆွေးနွေးကြတော့သည်။

ရှရှီးအိုက်မှာ အမြဲတစေ အကောင်းဆုံးခန့်မှန်းချက်တွေကို ထုတ်နိုင်သည့်အတွက် သူ့ကို လေးစားမိ​၏။ ကျန်းလျိုရှန်းကလူပါးဝစွာပင် ချီးကျူးတာကို လက်ခံပေးပြီး သူဟာ အတွေအကြုံများလွန်း၍ ကောင်းကောင်းဖြေရှင်းနိုင်တာဖြစ်ကြောင်း ပြောလာခဲ့သည်။

" ဖန်တွေအချင်းချင်း ရန်ဖြစ်တဲ့အခါ ကိုယ်က အချင်းချင်းကို တွန်းအားပေးရမယ်။ ဒါဆို ကိုယ့်Weiboအကောင့်တောင်၁၀,၀၀၀ကျော်နေမှာ။ "

Weiboကို ထည့်ပြောလိုက်မှ ကျန်းလျိူရှန်း ရုတ်တရက် အမှတ်ရသွားသည် : " ကိုယ်တို့ အဖွဲ့လိုက်မတင်ဖြစ်တာကြာပြီမလား ? ဒီနေ့ ဖန်တွေကို မျက်နှာသာပေးလိုက်ရအောင်လား ? "

လက်ရှိ၌ သူတို့နှစ်ယောက်ဟာ ရိုက်ကူးရေးအဖွဲသားတွေ စီစဉ်ပေးထားသည့် စတူဒီယိုအပြင်အဆင်အတွင်းမှာဖြစ်သည်။အပြင်မှာ လာကြည့်တဲ့ ဖန်တွေ မြောက်မြားစွာရှိနေသည့်တိုင် နာနီကားက တန်းတန်းမတ်မတ်မောင်းလာခဲ့သဖြင့် ဖန်တွေက ရှရှီးအိုက်လဲ ဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်လိမ့်မည်မှန်းမသိကြသေး။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Où les histoires vivent. Découvrez maintenant