အခန်း - ၆၉

8.9K 1.1K 29
                                    

『Unicode 』



ရှရှီးအိုက် သူတို့ကို ငေးကြောင်ကြောင်နှင့် စိုက်ကြည့်နေမိပြီး : "......ဘယ်လိုလုပ်ရောက်လာကြတာလဲ ? "

ဖိနပ်တွေလဲပြီးနောက် လီလော့က : " ဘာလို့လဲဆိုတော့ ကျန်းလျိုရှန်းက မင်းကို ဂရုစိုက်ပေးဖို့ ငါ့ကို တောင်းပန်ထားလို့လေ။ အိုင်း သူ့ကြည့်ရတာ စိတ်မကောင်းလို့ "

" သူပေါက်ကရပြောတာတွေနားမယောင်ပါနဲ့။ ကျွန်တော် သူ့ကိုမတောင်းဆိုထားဘူး "

ကျန်းလျိုရှန်းက ဖုန်းထဲမှ မနှစ်မြို့စွာနှင့် : " ဒီကလေးက အတော်ဆိုး။ အရင်တစ်ခေါက်ကလဲ မင်းကို လူမြင်ကွင်းမှာဖက်ရဲတယ်။ ဒီတစ်ခေါက် အိမ်မှာလဲ သူမင်းကို ဘာလုပ်မလဲ ဆုံးဖြတ်ထားပြီပဲဖြစ်ရမယ်။ ဒါကြောင့်မို့ ကိုယ်က ကိုယ့်ညီမကိုခေါ်ပြီး အဲ့ကလေးကို စောင့်ကြည့်ဖို့ ပြောထားရတာ "

ရှရှီးအိုက်မှာ ပြောစရာမဲ့သွားပြီး အသံတိုးတိုးနှင့် : " ဒါဆိုလဲ သူ့ကို မခေါ်လိုက်နဲ့လေ။သူ့အတွက် ဘယ်လောက် ဒုက္ခဖြစ်နေမလဲ..."

" သူက ဆိုးပေမယ့် သူ့ဝတ်ပုံစားပုံကတော့ မဆိုးဘူး။ ကိုယ်နဲ့ဆို ဒုတိယပြေးတယ်။ ကိုယ့်မှာမင်းကို ရွေးကူပေးစရာအချိန်မရှိတော့ ၊ သူ့ကိုပဲရှာရတော့တာပေါ့ "

လီလော့က အတွင်းသိသလိုလိုနှင့် ငုံ့ကိုင်းလာပြီး : " ဘယ်သူကခေါ်နေတာလဲ ? ကျန်းမျိုးရိုးလား ? သူက ငါ့အကြောင်းမကောင်းပြောနေတာလား ? "

"......."

ရှရှီးအိုက် အမြန် " ဘိုင့် " ဟု ပြောကာ ဖုန်းချလိုက်ပြီး လီလော့ကို စိတ်ရောကိုယ်ပါရှိတဲ့မျက်လုံးဝိုင်းကြီးတွေဖြင့်ကြည့်ကာ : " သူက မင်း အဝတ်အစားမှာတော်ကြောင်း ချီးကျူးနေတာပါ။ "

လီလော့က မယုံ။ သူနှင့် ကျန်းလျိူရှန်းတို့ သူငယ်ချင်းဖြစ်တာ နှစ်တွေကြာပြီ ၊ သူက သူကိုယ်တိုင်ကို စကားကောင်းဘယ်တုန်းကမှ မပြောဖူးသော်လည်း ရှရှီးအိုက်​၏ အပြစ်ကင်းသောမျက်နှာလေးက သူ့ကို သံသယဝင်စေဖို့ ခက်နေ​၏။

" အဲ့လ်ိုလား... တကယ်ထူးဆန်းတာပဲ။ " သူ ဒါကို ဂရုစိုက်မနေတော့ပဲ အခန်းတွင်းသို့ အေးအေးလူလူနှင့် ဝင်သွားတော့သည်။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Место, где живут истории. Откройте их для себя