『Unicode』
ဒါပေါ့ မဖြစ်နိုင်ဘူးလေ။ ဘာပဲဖြစ်ဖြစ် သူတို့တွေ နောက်လာမည့် ၁၅ရက်မှာ အတူတူနေရမည်ကိုး။
အေသင်ကိုရောက်ပြီး တစ်ညတာ အနားယူပြီးနောက် 《အနောက်ဖက်ခရီးတစ်လျှောက်》အဖွဲ့သားတွေက နောက်နေ့မှာတရားဝင်ရိုက်ကူးရေးစတင်လေပြီ။
ပထမနေ့ အစီအစဉ်မှာ မစ်ရှင်ကတ်ကို အတွဲလိုက်ရှာ၍ ကတ်တွေပေါ်က လိုအပ်သည်များအတိုင်း သတ်မှတ်ထားသောtasksကို ပြီးအောင်လုပ်ပြီးမှ နောက်ဆုံးမှာ ပဟေဠိအပိုင်းအစကို ရယူရမှာဖြစ်သည်။ အဖွဲ့သုံးဖွဲ့စလုံး ပဟေဠိအပိုင်းအစကို ရယူနိုင်ပြီး ညနေ ၅ နာရီမတိုင်မီ B&B သို့ပြန်လာကာ၊အဓိကစပွန်ဆာများမှ ပံ့ပိုးပေးသော ပရဟိတရန်ပုံငွေဖြစ်သည့် ကတ်ကို အပြည့်အဝဖြစ်အောင် အတူ ဆက်ပေးရမည်ပင်။ အကယ်၍ အဖွဲ့တစ်ဖွဲ့က သူတို့ လုပ်ရမည့်အပိုင်းကို ပြီးအောင်မလုပ်နိုင်ပါလျှင် Taskကို ကျရှုံးအဖြစ် ကြေညာခံရမည်ဖြစ်၏။
ထပ်လောင်းအနေဖြင့် ဖုန်းများနှင့် အခြားထောက်ကူပေးနိုင်မည့် ပစ္စည်းများအားလုံး ပရိုဂရမ်အဖွဲ့ထံ အပ်ရမည်ဖြစ်ကာညနေ ပြန်ရောက်လာမှသာ ပြန်ပေးလိမ့်မည်ဖြစ်သည်။
တစ်ဖွဲ့သားလုံး မဲဆွဲကြချိန်မှာ ရှရှီးအိုက်က ကျန်းလျိုရှန်းအား မဆွဲမိစေရန် စိတ်ထဲမှာ အကြိမ်ပေါင်းများစွာ ရွတ်နေမိသည်။ ဘုရားသခင်က ဆုပန်သူအား ကြားသိသွား၍ပေလား ၊ သူဟာ အဖွဲ့သားအဖြစ် စူးကျစ်ကို ဆွဲမိသွား၏။
ကျန်းလျိုရှန်းကို ဆွဲမိသွားသော ယိုချင်မှာတော့ အလုံးစုံ စိတ်လှုပ်ရှားလျက်ပြုံးရွှင်ကာ " ဝိုး ရှီးအိုက် ငါ ရှန်းကောကို ဆွဲမိတယ် ! "
" ဂုဏ်ယူပါတယ် ! " သူ စိတ်ရင်းနှင့် ဂုဏ်ပြုပေးလိုက်၏။
ကျန်နေသော ဧည့်သည်များဖြစ်သည့် ကျိူးယွီရွှမ်းနှင့် ထောင်ရှောင်ထောင်းတို့က ပုံမှန်အတိုင်း အဖွဲ့ဖြစ်သွားကြ၏။ထို့နောက်မှာတော့ ဒါရိုက်တာက အဖွဲ့သုံးဖွဲ့ကို သဲလွန်စကဒ်လေးတွေဝေပေးသည်။ ရှရှီးအိုက်၏ ကဒ်၌ စာလုံးကြီး နှစ်လုံးကိုသာရေးထားလျက် ; Syntagma Square ။ ကျန်အဖွဲ့များ၏ ကတ်တွေတွင်လည်း အလားတူဆွဲဆောင်နိုင်သည့်အရာလေးတွေ ရှိနေမှာပင်။
أنت تقرأ
သီးသန့်အချစ် || ဘာသာပြန် ||『 Completed』
عاطفية" ကိုယ့်မိသားစုက ကိုယ့်ကို အဲ့လိုအကြိမ်ပေါင်းများစွာ ပြောခဲ့ပေမယ့် ကိုယ်က အပြစ်ရှိစိတ်နဲ့နောင်တတွေကို ခံစားရတုန်းပဲ။ အဲ့ဒါက--- မင်းနဲ့ မတွေ့ခင်အထိ "