အခန်း - ၆၈

8.4K 1.1K 14
                                    

『Unicode 』



ညနေခင်း အိမ်ပြန်သောအခါ နေ့ခင်းတုန်းက ဒရိုင်ဘာက လာကြိုခဲ့​၏။

ရှရှီးအိုက် အောက်ထပ်ရောက်သော် ဒရိုင်ဘာက ကားဘေးမှာ မှီလျက် မတ်ဆေ့ပို့နေတာပင်။ သူ ဆင်းလာတာကို မြင်လျှင် သူက ချက်ချင်း မတ်မတ်ရပ်လိုက်၍ နှုတ်ဆက်လာ​၏ : " မစ္စတာရှ ဟယ်လို "

" ဟယ်လို " သူ့အမူအရာက အနည်းငယ် စိတ်အေးသွားတာကို တွေ့ရလျှင် ရှရှီးအိုက် မေးလိုက်မိသည်။ " ဘာဖြစ်လို့လဲ ? "

" ငါ......" ဒရိုင်ဘာက တစ်ခုသော နေရာသို့ အကြည့်ပို့လိုက်ပြီး : " ငါဒီကိုလာတော့ နေ့ခင်းတုန်းက လူတွေကိုတွေ့ခဲ့တယ်။ဒီတစ်ခါတော့ သေချာပါတယ် သူတို့ပဲ "

ရှရှီးအိုက်က စွဲလမ်းလွန်ဖန်တွေနှင့် စိမ်းသက်မနေတာကြောင့် သိပ်ဂရုမစိုက်ဖြစ် : " ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့မလာနိုင်ဘူးလေ။ "

ဒရိုင်ဘာက မျက်မှောင်ကြုတ်သွားပြီး : " အဲ့ဒီမကောင်းမကန်းလေးတွေက ...မင်းကို ပြဿနာဖြစ်စေနိုင်တယ်။ "

ရှရှီးအိုက်က ကားထဲ ဝင်ရန်အပြု ထိုသို့ကြားလျှင် လှုပ်ရှားနေတာတွေရပ်သွားပြီး : " ဘာကိုဆိုလိုတာလဲ ? "

" ငါက သခင်လေးကျန်းအတွက် ကားမောင်းပေးဖူးပါတယ်။ အဲ့ဒီ စွဲလမ်းလွန်ဖန်တွေက ကားနောက်ကို မကြာမကြာလိုက်လာတတ်တော့ ငါက သူတို့နဲ့ရင်းနှီးတယ်။ " ဒရိုင်ဘာက ဆိုသည် : " သူက အခု ရုပ်ရှင်ရိုက်ကွင်းမှာဆိုတာ သိကြလောက်တယ်။ ဒါဆို ဘာလို့ အလုပ်ကိုလာကြတာလဲ ? သူတို့ မင်းကို စောင့်ကြည့်ဖို့ ရောက်လာတာ ဖြစ်နေမှာ စိုးမိတယ် "

" မဖြစ်နိုင်ပါဘူး... သူတို့က ကျွန်တော့်ဖန်တွေရော ဖြစ်နေမလား ? "

" အဲ့ဒါတော့မသိဘူး။ ဒါပေမယ့် အဲဒီမကောင်းမကန်းလေးတွေက ပြဿနာအရှာတော်ပါတယ်။ သခင်လေး မစ္စစူးမန်နီတို့မစ္စတာယိုတို့နဲ့ ကောလာဟလထွက်တုန်းကဆို....."

ဒရိုင်ဘာမှာ ​သူ မပြောသင့်တာကို ပြောလိုက်မိမှန်း ရုတ်တရက် သဘောပေါက်သွားပြီး ချက်ချင်းရပ်လိုက်​၏။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Où les histoires vivent. Découvrez maintenant