အခန်း - ၅၇

9.5K 1.2K 44
                                    

『Unicode』



ယမန်နေ့ညက ကျန်းလျိုရှန်းဟာ စန္ဒယားအား တစ်စုံတစ်ယောက်က လာပို့မည်ဟုပြောခဲ့သော်လည်း ရှရှီးအိုက်မှာ ဤမျှမြန်နေမည်ဟု ထင်မထားမိပေ။သူ မနက်ခင်းစောစော၌ နိုးလာသောအခါ သူ့ခေါင်းအုံးဘေးမှာ မည်သူမှ မရှိတော့ပေ။ သူအိပ်ချင်မူးတူးမျက်လုံးတွေဖြင့် အိပ်ရာမှထွက်၍ တိုက်ခန်တခွင် လျှောက်ပတ်ကြည့်လိုက်ရာ တစ်ဖက်လူကို အခန်းလွတ်တစ်ခုမှာ တွေ့လိုက်ရသည်။

ကျန်းလျိုရှန်းက ကော်ဖီတစ်ခွက်ကိုင်လျက် အသစ်ကျပ်ချွတ်ရွှေ့ပြောင်းထားသော စန္ဒယားကို မှီရင်း အသံစစ်ကြည့်နေ​၏။ သူက အိမ်နေရင်းအဝတ်အစားတွေကို ကြယ်သီးတချို့ဖြုတ်လျက်ဝတ်ဆင်ထားပြီး ဆံပင်စတိုင်မှာလည်းပွရောင်းရောင်းရှိနေသည်။ တခြားသူများအတွက်မူ ဖိုသီဖတ်သီနိုင်မည်ဖြစ်သည့်တိုင် သူ့အတွက်ကတော့ ပျင်းရိပျင်းတွဲနှင့် စိတ်ဆန္ဒပါသောလေသံပင်။

" နိူးပြီလား ? လာ တီးကြည့်။ " ကျန်းလျိုရှန်းက သူ့ကို နှုတ်ခွန်းဆက်လာ​၏။

ရှရှီးအိုက်က ကျယ်ဝန်းလှသော အခန်းလွတ်ကြီးကို ခေါင်းရှုပ်စွာ လှည့်ပတ်ကြည့်လိုက်သည် : " ဒါက ဘာအတွက် သုံးတာလဲ ? " ကျန်းလျိုရှန်း​၏ တိုက်ခန်းမှာ ဤမျှလွတ်နေသည့် အခန်းကြီးရှိမှန်း သူ မသိခဲ့ရိုးအမှန်။

" ကိုယ့်gymပါ။ ပစ္စည်းကိရိယာတွေအကုန် လူခေါ်ရွှေ့ခိုင်းပြီး မင်းအတွက် စန္ဒယားဆင်ပေးဖို့ အခန်းလုပ်လိုက်တာ။ "

" ဒါဆို....ခင်ဗျား ပစ္စည်းတွေကရော ? "

ကျန်းလျိုရှန်းက အလေးအနက်မယူပါ : " အောက်ထပ်ထားလိုက်တယ်။ "

"...... အောက်ထပ် ? "

" ဟုတ်တယ်။ အောက်ထပ်ကလဲ ကိုယ့်တိုက်ခန်းပဲ။ ကိုယ်မင်းကို ပြောမပြခဲ့ဘူးလား ? "

ရှရှီးအိုက်မှာ သူ အိပ်ပျော်ထားမိ၍ အကြားအာရုံ ထင်ယောင်ထင်မှားဖြစ်နေသည်ဟု သင်္ကာမကင်းဖြစ်မိ​၏။

ကျန်းလျိုရှန်း​၏ နေအိမ်တည်ရှိရာ အဆောက်အအုံအကွက် A သည် ၆၀၀စတုရန်းမီတာ သာရှိပြီး၊ တစ်စတုရန်းမီတာလျှင် ယွမ် ၂၅၀,၀၀၀ ဖြစ်သည်။တစ်ခန်း ဝယ်ရုံဖြင့်ပင် သူ့ကို ပြောစရာပျောက်အောင်လုပ်ဖို့လုံလောက်နေပြီဖြစ်သော်လည်း ယခု ကျန်းလျိုရှန်းက ယွမ်ငွေ သန်း ၁၀၀ကျော်တန်ဖိုးရှိသော အိမ်နှစ်အိမ်ရှိကြောင်း ပြောခဲ့လေသည် ?

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Où les histoires vivent. Découvrez maintenant