『စာရေးသူ၏ စာကြွင်း』
တစ်ပုဒ်လုံး ပြီးဆုံးသွားပါပြီ ! ဒီဇာတ်လမ်းကို ရေးရတာ ပျော်လဲပျော်ရသလို ၊ ခက်လဲ ခက်ခဲပါတယ်။ ဇာတ်ညွှန်းရေးရတာက တကယ်ကို ခက်တယ် ! ! ဒီလောက် ဇာတ်ကွက်နည်းနည်းလေးက ငါ့ကို စိတ်အနှောက်အယှက်ပေးခဲ့ပါတယ်။ဒါပေမယ့် ကံကောင်းစွာနဲ့ နောက်ကွယ်က အားလုံးဟာ အကျဉ်းရုံးပါပဲ။ ငါက အားလုံးတွေးနေတာတွေကို မသိပဲနေပါ့ ? ပြီးတော့ ရှန်းကောရဲ့ အီစီကလီ စာလုံးတွေက တွေးရတာ အရမ်းခက်ခဲ့တယ် ဟားဟားဟား။ ဘာပဲဖြစ်ဖြစ် ငါကသမားရိုးကျစာရေးဆရာလေးပါပဲ အဟမ်း အဟမ်း
ပျော်ရွှင်ရတဲ့နေရာဆိုတာ ဒါပေါ့ အားလုံးနဲ့ တက်တက်ကြွကြွဆက်ဆံပြောဆိုရတာပဲ ! ရှန်းအိုက်မလေးတွေ အရမ်းချစ်စရာကောင်းကြတယ် ! ချစ်တယ် !
ဒါက သကြားကြဲပေးတဲ့ ချိုချိုမြိန်မြိန်အကြောင်းအရာလေးတင်ပါ။ ပြီးတော့ abuseကလဲယေဘုယျဆိုရင် တစ်ချက်ပဲထည့်ခဲ့တယ်။ ရှောင်အိုက်ရဲ့ ဘဝအတွေ့အကြုံက် တည်ငြိမ်ပြီး အေးဆေးတဲ့ အမူအကျင့်တွေနဲ ဖော်ပြခဲ့တယ်။အကြောင်းက သူ့ဇာတ်ရုပ်က အတိတ်မှာ တဝဲလည်လည်မဖြစ်ချင်လို့လေ။ ရှန်းကောကတော့ Abuseလုပ်ဖို့ ပိုလို့တောင်ခက်တယ်။သူက အဓိကဇာတ်လိုက်ဆိုတဲ့ ရောင်စဉ်စက်ဝန်းနဲ့လူမျိုးဆိုတော့ ဘယ်အရာကမှ သူ့ကို ပြဿနာမရှာနိုင်ဘူးလေ။မကျော်လွှားနိုင်တဲ့ တစ်ခုတည်းသော ချည်ထုံးဟာ သူ့နှလုံးသားထဲကပဲ။ ဒါ့ကြောင့် ဒုက္ခတွေနဲ့ နားလည်မှုလွဲမှားမှုတွေကို ဖယ်ရှားပြီးတဲ့အခါ ငြီးငွေ့စရာမျိူးစုံပဲ ရောက်လာလိမ့်မယ်~
" ဖျော်ဖြေပွဲ " အခန်းက ပင်မဇာတ်လမ်းမှာ မပါဝင်နိုင်လိုက်တဲ့ အကြောင်းအရာကို ဖြည့်ဖို့ဖြစ်ပါတယ်။ "မျှော်လင့်ချက်လမ်းတစ်လျှောက် " အခန်းက အချပ်ပိုပါ။ လူတိုင်း အရမ်းစိတ်အားထက်သန်နေတာကြောင့်မလို့လေ။ တကယ်တော့အိုက်အိုက်က အရင်အစပျိူးတာကို ငါလဲကြည့်ချင်ပါတယ် ww
နောက်ဆုံး ဒီဇာတ်လမ်းမှာပါတဲ့ ဒုတိယCPရဲ့ " After Dawn " ဆိုတဲ့ ဇာတ်လမ်းရှိလာမှာဖြစ်ပြီး ရှန်းအိုက်ကလဲ ဖြတ်လျှောက်လေးတွေ ပါလာပါမယ်။ တတိယရှုထောင့်ကနေ သူတို့ချစ်ကြင်နာပြတာတွေမြင်ရရင် ပိုလို့တောင် မျက်စိကန်းသွားပါလိမ့်မယ်~
VOUS LISEZ
သီးသန့်အချစ် || ဘာသာပြန် ||『 Completed』
Roman d'amour" ကိုယ့်မိသားစုက ကိုယ့်ကို အဲ့လိုအကြိမ်ပေါင်းများစွာ ပြောခဲ့ပေမယ့် ကိုယ်က အပြစ်ရှိစိတ်နဲ့နောင်တတွေကို ခံစားရတုန်းပဲ။ အဲ့ဒါက--- မင်းနဲ့ မတွေ့ခင်အထိ "