Part.1

119K 4.6K 1.3K
                                    

မိုးလင်းကြက်တွန်သံနဲ့အတူ​ညောင်ပင်တန်းရွာလေးကအသက်ဝင်လာခဲ့သည်။ရွာသူရွာသားအများစုမှာမိုးလင်းတာနဲ့ကိုယ်စီကိုယ်ငှ နွားတစ်ရှဥ်းဆွဲကာလယ်ယာလုပ်ငန်းခွင်ဝင်ကြသည်။ထင်းခုတ်သူခုတ်၊မှိုရှာမျှစ်ရှာတောတိုးသူတိုး...ရောင်းဝယ်ဖောက်ကားစျေးသည်များဖြင့်အင်မတန်မှအသက်ဝင်လျှက်။ညောင်ပင်တန်း
ရွာလေးက အိမ်ခြေများကလူနေစိပ်သည်ကြောင့်
ရွာကြီးဟုပင်ပြောရမည်။ဒီနယ်တစ်ခွင်တစ်ကြော
မှာတော့...ညောင်ပင်တန်းကိုမသိသူမရှိ။သစ်စက်သူဌေးကြီးဦးလူရှိလို့ ညောင်ပင်တန်းကပိုလူသိ
တာ။ရဟန်းခံရှင်ပြုအလှူပွဲမှန်သမျှကိုလူရဲ့ဇနီး
မမိုးက ရွှေလက်ကောက်ကြီးတစ်ချွင်ချွင်၊စိန်ဘယက်ကြီးကိုဝတ်၊ခေတ်စားသမျှ ပိုးထည်ချည်
ထည်အကုန်ဆင်ပြီးပွဲတက်နေကျဆိုတော့...​
​ညောင်ပင်တန်းကမမိုးဆို အကြွားထူဆိုပြီးအရပ်
တကာသိသဟေ့။ ပိုပြီး​ညောင်ပင်တန်းကိုပို
ဂုဏ်တောက်ထိန်စေသူက ဦးလူနဲ့ဒေါ်မိုးတို့ရဲသား
ဘီအေဘွဲ့ရ ဂျွန်မိုးစက်ပဲ။ခေတ်အခြေအနေအရတောရွာတွေမှာစားဝတ်နေရေးအတွက်လုံးပန်းနေရတာအနိုင်နိုင်၊ဘယ်သူကမှအတန်းပညာကိုဟုတ်
တိပတ်တိသင်ဖူးတယ်မရှိ။အဲ့ထဲမှာမှ....သစ်စက်
ပိုင်ရှင်ကိုလူရဲ့သားကမြို့ကောလိပ်တက်ပြီးဘီ
အေဆိုတဲ့ဘွဲ့ကြီးရလာတာလေ။ညောင်ပင်တန်း
တွင်မကအဲ့နယ်ဘက်တစ်ခုလုံးဘီအေ ဘွဲ့ရ
ဂျွန်မိုးစက်အကြောင်းပြောမဆုံးနိုင်ပါပဲ။

ညောင်ပင်တန်းရွာသားကဘီအေဘွဲ့ရဆိုပြီးဘယ်နေရာဖြစ်ဖြစ်လက်မထောင်ကြွားနိုင်ကျတယ်။

မြို့ကဘီအေ ကျောင်းဆင်းလေးဂျွန်မိုးစက်
သည်အခုမှရွာပြန်ရောက်သည်နှင့်အညီ၊ရွာတိုးတက်ပြောင်းလဲမူ့အဖုံဖုံကိုကြည့်ရင်းစိတ်ထဲကျေနပ်မိ၏။ မြို့ကြီးတွေနဲ့မယှဥ်နိုင်သော်လည်းသူ့အိုးသူ့ဆန်နဲ့သင့်တော်တယ်ပဲပြောရမလား၊ပြည့်စုံတယ်ပဲပြောရမလားဗျာ။

"ဘယ်လိုလည်း...ကိုဘီအေကြီးရဲ့၊ဘာတွေတွေးပြီး
တစ်ပြုံးပြုံးဖြစ်နေရသလဲဗျာ၊ကျုပ်လည်း...
ဝေမျှပါဦး"

ဘေးနားအတူလမ်းလျှောက်တဲ့ဖိုးထူးကမေးလာသည်။ဖိုးထူးက အခြားလူမဟုတ်။ဂျွန်မိုးစက်ရဲ့
ညီတစ်ဝမ်းကွဲဆိုရမပေါ့။

ကိုဘီအေ(Completed)Where stories live. Discover now