Part.5

35.9K 2.8K 688
                                    

"ဝင့်ထယ်ရေ...ညကျအိမ်တံခါးတွေသေချာပိတ်
အိပ်နော်၊သူခိုးဘေးဓားပြဘေးကလည်းကြောက်
ရပါဘိ။တစ်ယောက်တည်းဆိုပြီးဖြစ်သလိုလည်း
ချက်ပြုတ်မစားနေနဲ့ဦး။ယာခင်ထဲဆင်းပြီး...
အရွက်လေးပါလေးခူးချိုးပြီးအရည်သောက်လေး
ချက်စား....."

ဒေါ်အင်တုံကလှည်းပေါ်ပစ္စည်းတွေတင်ရင်းပါးစပ်
က ကရားရေလွှတ်တစ်ပြောပြော။  ဝင့်ထယ်
တစ်ယောက်ထဲမို့မီးရေးထင်းရေးကလည်းစိတ်မချနိုင်။နိုင်ငံရေးအခြေအနေကလည်းမကောင်းသည်ကြောင့်တောကြောင်တွေအရေးကလည်း
ရှိသေး။သွားသာသွားရတာပါတော်.....နောက်
ကြောင်းကသိပ်အေးရတယ်လို့မရှိပါဘူး။

ထားရီကတော့ကြားထဲနားတွေတစ်ည ည်းည ည်း။
ရွာနားလေးဘုန်းကြီးပျံပွဲနှစ်ညအိပ်လေးသွားမှာပါ
တော်..မှာတမ်းရယ်ကခြွေလို့မပြီး။

"အမေရယ်...အမေ့သားဝင့်ထယ်ကလုံမပျိုလေး
လည်းမဟုတ်ပါဘူး။သူဘာသာသူစားရေးသောက်
ရေးစီစဥ်တတ်ပါတယ်။မြန်မြန်သွားရအောင်။
နေမြင့်ရင်သမီးတို့လှည်းနေပူထိုးတော့မှာပ...."

"မမပြောတာမှန်တယ်။နို့မို့ဆို..နေမြင့်ရင်အမေတို့
ပိုပင်ပန်းမှာ၊သွားတော့...သားလည်းကလေးမဟုတ်
တော့ဘူး၊တစ်ခုခုဆိုရွာကာလသားခေါင်းကိုအံကြီး
ရှိနေတာပဲ၊ဘာမှမပူနဲ့...."

ထမင်းအိုးနဲ့တစ်ခြားဖျာလိပ်၊မီးဖိုထွေရာထွေလာ
များအားလုံးလှည်းပေါ်စုံစိအောင်ဝင့်ထယ်ဝိုင်းတင်
ပေးလိုက်တယ်။ဒေါ်အင်တုံလည်းစိတ်မချလည်တစ်
မျှော်မျှော်နဲ့လှည်းပေါ်ပါသွားတော့သည်။ဒီကလေးက
လေ...ဘယ်တော့မှပျော်ပွဲရွှင်ပွဲလူများတဲ့နေရာတွေ
ဆိုဝါသနာမပါ။အေးအေးချမ်းချမ်းနဲ့ဆိတ်ငြိမ်တဲ့
နေရာတွေကိုသဘောကျတယ်။ယောကျာ်းလေးဆို
ပြီးတစ်ခြားသူနဲ့ရွယ်တူတွေလိုသောက်ဟယ်၊စားဟယ်၊လောင်းကစားလုပ်ရယ်လည်းမရှိ။အပျိုတွေ
ကိုလည်းစိတ်မဝင်းစား။အစ်မနဲ့အမေကိုသာတွယ်တာ
ပြီးဘဝကြီးမှတ်နေသူ။အကြီးမထွေးရီသူ့အိုးသူ့အိမ်
နဲ့အိမ်ထောင်ရက်သားကျရင်ဝင့်ထယ်နောင်ရေးစိတ်
အေးရအောင်...ရွာဦးကျောင်းဆရာတော်ကိုလျှောက်၊
ဒီဘုရားဖြစ်မဲ့အုတ်နီခဲကြီးကိုဘုန်းကြီးဝတ်ပေးဦးမှာ။

ကိုဘီအေ(Completed)Where stories live. Discover now