Part.23

30K 2K 178
                                    

ပွေးချောင်းနဲ့​ညောင်ပင်တန်း ရွာအကွာအဝေးက
မနီးသာမဝေးသာ။လမ်းခရီးတွင်သရက်ကုန်း
ရွာရှိဦးလူအမျိုးတွေဆီဝင်ခဲ့သေးတယ်။
ဒေါ်မိုးဘက်မှအမျိုးတွေနဲ့သာတရင်းတနှီးရှိတာ၊
ဦလူဆွေမျိုးတွေကျ သီတင်းကျွတ်၊တန်ဆောင်
တိုင်လိုအခါကြီးရက်ကြီးတွေကလွဲရောက်ဖြစ်
သည်ကား ခပ်ရှားရှား။မတွေ့မမြင်ရတာကြာတဲ့ အမျိုးတွေကဖက်လှဲတကင်းကြိုဆိုကျတော့လမ်းခရီးဖင့်ပြီးနောက်တစ်နေ့ မနက်
ဦးပိုင်းမှ ပွေးချောင်းကိုရောက်ရော။

ပွေးချောင်းရွာကြီးရဲ့တောင်နဲ့မြောက်ကြားကွေ့
ဝိုက်စီဆင်းနေတဲဲ့ချောင်းလေးကိုအစွဲ ပြုကာပွေးချောင်းလို့ခေါ်သတဲ့။နွေဆိုအဲ့ချောင်းလေးမှာခြောက်သွေ့အက်ကွဲနေပြီးမိုးရွာပြီဆိုရင်တော ရေပြည့်ရေလျှံရေစီးကြမ်းတယ်။ရှေးလူကြီးသူမတွေ
များလူနာမည်ရွာနာမည်တွေများများစားစားစဥ်း
စားနေရာမလို။ရွာထိပ်ညောင်ပင်တွေအစီအရီ
အတန်းလိုက်ပေါက်နေရင် ညောင်ပင်တန်း၊သရက်သီးတွေလှိုင်လှိုင်ထွက်တဲ့ရွာမို့သရက်ကုန်း။သူကြီးအိုကြီးတည်ခဲ့တဲ့ဘုရားကိုအစွဲ
ပြုပြီး ဘုရားအို ..စုံနေတာပါပဲ။

ပွေးချောင်းက ရွာကြီး။ နတ်ကတော်တင်တင်လုံး
မှာလည်းရွာက မြှောက်စားပစားထားတဲ့ နတ်ကတော်ဆိုတော့ သိပ်တော့မရှာလိုက်ရ။
ပွေးချောင်းမှလူတွေကလည်းရွာမှာ အစွမ်းထက်တဲ့ နတ်ကတော်ရှိတာသိပ်ဂုဏ်ယူကျတယ်။
နတ်ကတော်ရှိတော့ စောင်မ မဲ့အစွမ်းထက်နတ်
တွေရှိတယ်။ ဘေးပတ်ဝန်းကျင်အနီးတစ်ရွာက
လူတွေ နတ်လာမေးလိုက်။ အတွင်းအပြင်(၃၇)
မင်းကိုတင်ကျမြှောက်ကျ ပွဲပေးကျနဲ့ နတ်ဒိုး
သံတွေညံညံဝေ။

နတ်ကတော် တင်တင်လုံးအိမ်ကြီးများရွာလယ်
တွင်ဟီးလို့။အိမ်ရှေ့နွားလှည်းရပ်လိုက်တာနဲ့

"နတ်နဲ့နဂါးမလှည့်စားအပ်၊ လှည့်စားမူ့ပြုခဲ့သည်
ရှိသော်၊ဘေးအန္တာရယ်တွေ့ရလွယ်၏"

ဆိုတဲ့စာတန်းကိုဆေးနီနဲ့ပြူးနေအောင်ရေးထား
တာ။ဒေါ်မိုးအို့တို့အမ်းတမ်းဖြစ်သော်လည်းမတတ်နိုင်။တင်တင်လုံးအိမ်ရောက်မှတော့သားလေးနဲ့ပတ်သတ်ပြီး မေးသင့်တာမေး၊ပြောသင့်တာပြောဟဲ့ပဲ။

ကိုဘီအေ(Completed)Where stories live. Discover now