ရင်ကွဲပက်လက်အော်အော်ငိုနေသောမအင်တုံကြီး
ကိုကြည့်ကာဒေါ်မိုးစိတ်မသက်သာဖြစ်ရတယ်။
ဒေါ်မိုးတုန်းကလည်းအရမ်းကိုအထိတ်တလန့်ရှိ
သလှ။သားအပေါ် မိခင်ဝတ္တရားအရ ဆိုဆုံးမ
မူ့ပျက်ကွက်သလား၊ ဘာလားပေါ့။နောက်တော့
ရွာဦးကျောင်းဆရာတော်အစွဲခေါ်ချွတ်မှပဲကျွတ်
တော့တယ်။"မအင်တုံရယ် စိတ်မကောင်းဖြစ်ပြီးငိုမနေပါနဲ့
တော်၊ ဒီအတိုင်းကံပါလို့ဖူးစာဆုံကျတယ်လို့မှတ်
လိုက်ပါအေ..."ဒေါ်မိုး ဖျောင်းဖျနားချကြည့်တယ်။
ဒေါ်အင်တုံမှာနှပ်ချေးထွက်မတတ်ငိုယိုထားတာ
မျက်နှာတစ်ခုလုံးရဲတွတ်လို့။ဒီမုဆိုးမကြီးမှာ
အားကိုးစရာဆိုလို့ သားလေးတစ်ယောက်ပဲ
ရှိတာ။လူရိုးလူအေးကြီး၊ဘုရားဖြစ်မဲ့အုတ်နီခဲ.
ကြီးကိုဆုံးရူံးလိုက်ရတာ ဘယ်လိုလုပ်ဖြေဆည်နိုင်ပ။"ကိုယ်ချင်းစာစမ်းပါ မမိုးရယ်၊မမိုးတုန်းကရော..သားဒီလိုဖြစ်တာမငိုဘူးလား"
"ငိုတာပေါ့တော်...ငိုတာပေါ့၊ဒါပေမဲ့ အခုကျုပ်
ငိုလို့ဝသွားပြီတော့""ရှင်...."
ဘာတွေပြောပြောနေမှန်းမသိတဲ့ဒေါ်မိုးကြောင့်
တစ်ချက်တစ်ချက်ဦးလူစိတ်ညစ်ရတယ်။ဟို..
ကသားဇောနဲ့စိတ်ညစ်နေပါတယ်ဆိုမှ။"ဒီလို ညီမရေ၊အစ်ကိုတို့မှာလည်းဒီသားလေးတစ်
ယောက်တည်းရှိတာ။ပညာတတ်ဘွဲ့ ရ လူလိမ္မာ
လေး ၊အစ်ကိုတို့စိတ်ဆင်းရဲရတာလည်း ညီမထက်မနိမ့်ပါးပါဘူးကွယ်။ဒါပေမဲ့...ဖြစ်လာခဲ့ပြီးမှတော့ဘာတတ်နိုင်မလဲ။ကလေးတွေစိတ်ဆင်းရဲအောင်တော့ တို့တွေမလုပ်ချင်ဘူး။ပြီးတော့
နှစ်ယောက်လုံးကသားလိမ္မာတွေ၊ မလိမ္မာတစ်ခါမိုက်ဆိုတဲ့အတိုင်း..ဒီတစ်ခါလေးမိုက်တာကို အစ်ကိုတို့တွေခွင့်လွှတ်ကျရအောင်"ဒေါ်အင်တုံခတ္တအငိုတိတ်သွားတယ်။အဲ့နေက
နှစ်ယောက်သား ဒေါ်အင်တုံကိုလည်းမြင်ရောလက်တွဲ ပြီးအိမ်နောက်ဖေးကနေတစ်ချိုးတည်းတန်းပြေးကျတာရယ်။အဲ့ကတည်းသိပါတယ် ...ဝင့်ထယ်လင်နောက်လိုက်သွားပြီဆိုတာ။ဒေါ်အင်တုံလည်း...ဂျွန်မိုးစက်တို့ဝိုင်းထဲထိသွားရှာပါသေးတယ်။ ဒါပေမဲ့မတွေ့။ နှစ်ယောက်သား
အပုန်းကောင်းလိုက်ကျတာ လှည်းနေလှေအောင်း
မြင်းစောင်းမကျန်၊တစ်အိမ်လုံးတစ်ရွာလုံးမွှေနှောက်ရှာသော်လည်းအရိပ်ကိုမျှမတွေ့ရ။
ညနေကျမှပဲ ...မမိုးနဲ့ဦးလူတို့အပါအဝင်ရပ်မိရပ်
ဖတွေအား လုံး ဒေါ်အင်တုံအိမ်လေးဆီရောက်ချလာ
ပါတော့တယ်။