Part.14

32K 2.2K 375
                                    


လက်ပံပွင့်တွေ မြေပေါ်တစ်ဖြုတ်ဖြုတ်ကျွေကျ၏။ထို့သို့လက်ပံ ပွင့်ချိန်ဆိုဝင့်ထယ်အရမ်း
ပျော်တာပဲ။မြေပေါ်​ကြွေကျနေတဲ့ အနားလန်
လက်ပံ ပွင့်ဖတ်များကိုခြင်းကြီးကြီးနဲ့လိုက်ကောက်ရတာအမော။အပင်စေ့ကောက်ပြီးပြီးဆို
လျှင်ခြင်းထဲ လက်ပံပွင့်တွေကအမောက်အလျှံ။
မမထားရီက လက်ပံပွင့်သုပ်ကျွေးရင်အရမ်းစား
ကောင်းတာ။တပေါင်းလ ဆို လက်ပံပွင့်နီနီရဲရဲ
ပင်လုံးကျွတ်ဝေပါလေရော။ထိုလက်ပံပွင့်တွေ
ကိုနေခြောက်လှမ်းတစ်နှစ်စာအတွက်ကြိုသိမ်း
ထားတတ်သည်ကလည်းအကျင့်ကြီးလို။

လက်ပံပွင့်ခြောက်တွေကိုညထဲကရေစိမ်၊မနက်
ကျ ကြက်သွန်ဆီချက်၊ပဲမှုန့်နိုင်ချင်းနဲ့သုပ်ရင်အရမ်းစားကောင်းတာ။

လကွယ်လပြည့်ဥပုလ်နေ့တိုင်းရွာဦးကျောင်းတွင်..သီလယူ၊ဥပုလ်ဆောက်တည်ပြီးကုသိုလ်
ကောင်းမူ့ပြုကျသည်။ဘယ်လောက်ပဲ..သားရေး
သမီးရေး၊စီးပွားရေးတွေနဲ့ချာလပတ်ရမ်းနေပါ
စေဦး..ကုသိုလ်ကောင်းမူ့ပြုဖို့တော့မမေ့လျှော့ကျ။

ဒေါ်အင်တုံရဲ့အကျော်ဆိုင်လေးဒီနေ့ မဖွင့်။မနက်
အာရုံတက်ကတည်းက ဆရာတော်နေ့ဆွမ်းအတွက် မမောနိုင်မပန်းနိုင်ချွေးတစ်လုံးလုံးချက်
ပြုတ်ရှာတယ်။သမီးဖြစ်သူ ထားရီလည်းအမေနဲ့
အတူ ဝေယျာဝစ္စဝိုင်းကူလုပ်ပါတယ်။ နားနား
နေနေ ဆိုင်ပိတ်ရက်လေး အမေနဲ့အတူဥပုလ်သီ
လယူဖို့လည်းတွေးထားတယ်။

"ဟဲ့...အငယ်ကောင်...ခြင်းထဲ ဆွမ်းချိုင့်တွေသေ
ချာထည့်ဟဲ့။ဆရာတော်အတွက် မုန့်ပြားသလပ်
လေးပါမပါထပ်စစ်ဦး။ ထန်းညက်လည်းမေ့ဦး
မယ်၊နေ့လည်စားပြီးသောက်ပြီး...ထန်းညက်နဲ့
ရေနွေးကြမ်းလေးမျောချမှရင်ထဲ အေးတာပါ
အေ..."

ဒေါ်အင်တုံကြီးက ယောဂီဝတ်စုံကြီးဝတ်၊သနပ်
ခါးရေကျဲ ကြီးလူးပြီး စကားကိုမရပ်မနားတောက်
လျှောက်ပြောသွားတယ်။ဒီနေ့သူတို့သားအမိသုံး
ယောက်လုံး ကုသိုလ်ယူဖို့ရွာဦးကျောင်းဆရာတော်
ဘုရားကြီးသွားကျမှာဖြစ်တယ်။ထားရီက လုပ်တာ
ကိုင်တာသွက်သွက်လက်လက်ရှိပေမဲ့ဟိုဟာမေ့
ဒီဟာမေ့၊အငယ်ကောင်ကျတော့ လုပ်တာတော့
တိကျပါရဲ့၊အိလေးဆွဲလွန်းတယ်။ပါးစပ်ကအမြုပ်
ထွက်လောက်အောင်ပြောနိုင်မှတော်ရုံကျမှာ။
အခုတလောဆို ဘာဖြစ်တယ်မသိပါဘူး။စိတ်နဲ့
ကိုယ်မကပ်လို့မနည်းအော်ခေါ်ရတယ်။အဝေး
ကြီးကိုငေးကာတပြုံးပြုံးလည်း လုပ်သပ။မသိ
ရင် ရွာသူပဲကပ်နေသလိုလို၊ပယောဂပဲနှောင့်
နေသလိုလိုနဲ့။

ကိုဘီအေ(Completed)Where stories live. Discover now