မြိုင်သာမြို့ကနေ ညောင်ပင်တန်းရွာအပြန်လမ်းက ဘိလပ်ကိုခရီးနှင်နေသလားမှတ်ရတယ်။
လှည်းဘီးကြီးကတအီအီ ၊နွားခြူသံတစ်ချွင်ချွင်နဲ့ရောက်မရောက်နိုင်ဘူး။ရွာအမြန်ပြန်ချင်နေတဲ့စိတ်ကငယ်ထိပ်တက်ဆောင့်နေသည်ကြောင့်
လားမသိ။ဂျွန်မိုးစက်တစ်ယောက်တော်ရုံလည်းစိတ်မရှည်။ပြေးပျက်သွားရအောင်လည်း...ခရီးကနီးသည်မဟုတ်။ကိုဝင့်ထယ်ကို မြင်ချင်ဇောကြီးနေ
တဲ့ ဒီမောင်ဒုက္ခကများသား။အဲ့တော့မကြည်မလင်မူ့တွေအားလုံးအရှေ့ကဖိုး
ထူးဆီပဲ ပုံချလာရော။"ဖိုးထူး...မင်းကလှည်းကို တာဝိတိံသာ နတ်သက်
နဲ့တွက်ပြီးမောင်းနေသလား မှတ်ရတယ်၊ရောက်
မရောက်နိုင်ဘူး..."ဂျွန်မိုးစက်ကလှမ်းငေါက်တယ်။
ချွေးတလုံးလုံးနဲ့လှည်းမောင်းနေတဲ့ဖိုးထူးကလည်းတစ်စက်ကလေးမှ သေးသေးတင်မခံ။
"ဆရာသမားရေ...လှည်းမောင်းနေတာလူဗျ၊
သိကြားမင်းစီးတော်ယာဥ်မောင်းတဲ့မာတိလိ များ
မှတ်နေ လား "" မေ ပေး...ဖိုးထူး၊ဖယ်..ငါမောင်းမယ်"
ဂျွန်မိုးစက် က အတင်းဖိုးထူး ရဲ့နွားနှင်တံကိုဆွဲလု
တယ်။"အာ...ငြိမ်ငြိမ်လေးနေစမ်းပါ..ကိုယ်တော်ချောရယ်၊အရီးမိုးသိရင် ကျုပ်ဖြင့်ဆူခံနေရပါဦးမယ်"
"မင်း ဖယ်ပါဆိုကွာ..ရှည်လိုက်တာ"
နောက်ဆုံး အလုံးအထည်ရော အသက်သြဇာပါ
ကြီးတဲ့ ကိုဂျွန်မိုးစက်ကိုဖိုးထူးလေးမလွန်ဆန်နိုင်
တော့။နွားနှင်တံကိုလုယူခံလိုက်ရပြီးငြိမ်ငြိမ်လေး
အနောက်မှာထိုင်စီးဖို့သာ တတ်နိုင်ပါတော့တယ်။အစ်ကိုကြီးနှယ် ဘာတွေအဲ့လောက်ထိ အလော
သုံးဆယ်ဖြစ်နေသည်ကိုမသိ။ဖိုးထူးလေးခများ
ညောင်ပင်တန်းရွာထိပ်ထိ စကောထဲလိမ့်ခံလာ
ရတဲ့ဇီးသီးလေးလိုတလူးလူးတလိမ့်လိမ့်။လှည်း
ဆောင့်တာခံရလွန်းလို့လည်းဖင်တွေလည်းနာလှ
ပြီ။ဒီဘဝဒီမျှပဲ..နောင်တစ်ခါ ကိုဂျွန်မိုးစက်နဲ့မြို့အတူသွားရမယ်ဆိုရင်...ကျားဖင်သာပြေးနှိုက်တော့မယ်။