Part.6

37.3K 2.7K 334
                                    

လမင်းနဲ့အပြိုင်တစ်ဖိတ်ဖိတ်လဲ့နေသောကြယ်တာ
ရာအစုအဝေးတွေက​ညောင်ပင်တန်းရွာ၏ကောင်ကင်ယံထက်စိန်ပွင့်တွေအလားဖြန်ကျဲထားသည့်
အလား။လပြည့်ဝန်းကဝိုင်းဝိုင်းစက်စက်၊လေပြေ
ညှင်းကတစ်သွဲ့သွဲ့။
ထိုသို့လိုလပြည့်နေမျိုးဆိုရင် ရွာက ပွဲတော်ကြီး
အလား။ကလေးငယ်တွေကလည်းရွာလမ်းမပေါ်ထွက်ပြေးလွှားဆော့ကစားကြသလို၊လူကြီးသူ
မတွေကလည်းအိမ်ရှေ့ကွပ်ပစ်အကြမ်းရေအိုးလေး
တည်၊ထန်းညက်အချိုတဲလေးနဲ့စကားစမြည်ပြောဖြစ်ကြသည်။ကိုအံကြီးတို့လိုလူပျိုကာလသားတွေ
ကတော့အပျိုတွေအိမ်ရှေ့မယ်ဒလင်လေးတီးတစ်ဒေါင်ဒေါင်တစ်ဒင်ဒင်ပေါ့။

အခုများကျဟိုဘက်ရွာမှာဘုန်းကြီးပျံပွဲရှိသကိုး။ရွာ
ရှိလူအကုန်မသွားကြတောင်အများစုကအဲ့ရောက်နေပြီလေ။ဒါ့ကြောင့်ဒီလပြည့်ညကတော့်တော့်ကို
ခြောက်ကပ်သည်ဟုဆိုရမည်။

"ညနေ နေဝင်မိုးချုပ်...မီးရေးထင်းရေးဂရုပြုကျပါ
ဗျို့..."

လူပျိုကြီးကိုအံမော်အသံကတစ်ဆာဆာ။ဝင့်ထယ်
ဘေးနားကပ်ပါလာသော်လည်းအားကိုးမရ။ထွေးရီ
မောင်ကလူအေးလေးရယ်။ဘယ်တော့မှသူတို့ကာလသားတွေလို ဆိုးသွမ်းပေတေခြင်းမရှိ။အရက်မသောက်၊ဖဲမရိုက်၊ကြ က်မတိုက်တဲ့ရှားပါးကလာသား။

"ညနေ နေဝင်မိုးချုပ်....မီးရေးထင်ရေးဂရုစိုက်ကြ
ပါဗျို့"

ရွာလမ်းတစ်လျှောက်ကမှောင်မဲမဲ။မဲမှောင်နေတဲ့လမ်းတွေနဲ့မျက်လုံးတွေက အသားကျနေလို့တော်သေး။တစ်ဖြည်းဖြည်းလျှောက်ရင်း...အောက်လင်း
ဓာတ်မီးလင်းထိန်အောင်ထွန်းထားတဲ့အရီးမိုးအိမ်
ရှေ့သို့ရောက်လာခဲ့တော့သည်။တစ်ရွာလုံးမှာမှ အောက်လင်းဓာတ်မီးထွန်းနိုင်တာ သစ်စက်ပိုင်ရှင်ဦးလူနဲ့အရီးဒေါ်မိုးအိမ်ပဲရှိတာ။

"ညနေ..နေဝင်မိုးချုပ်..မီးရေထင်းရေးသတိပြုကြပါ
ဗျို့..."

"ကိုအံမော်...."

အရီးဒေါ်မိုးသားဂျွန်မိုးစက်ကခြံတံခါးအားဖွင့်ကာ
အိမ်ထဲကနေကပျာကရီထွက်လာတော့သည်။

"ဒီနေ့ထယ်က မီးကင်းကျတာလား"

"ဟုတ်တယ်...ဂျွန်၊ဒီတစ်ကြိမ်ည ကင်းက ကျွန်တော့်
အလှည့်"

ကိုဘီအေ(Completed)Where stories live. Discover now