Extra(3)

35.5K 2.1K 208
                                    

ဝါဆိုလမို့ပုန်းညက်ပန်းတွေလှိုင်လှိုင်ပွင့်ဝေ၏။
ရွာနီးနေပူပူဖုန်ထူထူကွင်းခြောက်ကြီးမှာအခုတော့ဝသုန်မိုးကြောင့်ရေတွေအိုင်လို့။သစ်ပင်တွေရဲ့အကိုင်းအလက်ကအစစိမ်းဖန့်ဖန့်ဝေဆာဆာ။ မိုးရေကြောင့်မြေသားနံတွေတစ်ထောင်းထောင်း။
ဆယ်နှစ့်လရာသီ မိုးစွေ၊မိုးပြေး၊ မိုးဖွဲလေးတွေ
နဲ့အတူ ဂျွန်မိုးစက် တို့ အိမ်ထောင်သက်တမ်းမှာလည်း နှစ်လနီးနီးပြည့်ခဲ့ပြီ။ဂျွန်မိုးစက်ရင်ထဲမှာ
တော့အချစ်တွေကမနေ့တစ်နေ့အတိုင်းသစ်လွင်
တောက်ပနေစဲပါပဲ။ရွာရဲ့ကျောင်းဆရာတစ်ဖက်၊သစ်စက် စာရင်းတွေတစ်ဖက်နဲ့ ဂျွန်မိုးစက်မှာများ
လိုက်တဲ့အလုပ်။ ကျောယားလို့တောင်မကုပ်အား။ကိုဝင့်ထယ်ရဲ့လက်လေးနဲ့ဝိုင်းကူကုပ်ပေး
လို့သာတော်ရာကျတော့တယ်။

အိမ်ထောင်ဦးစီးပီပီဝင်ငွေရှာသူရှိသလို၊တစ်ဖက် ဝင့်ထယ်လေးမှာလည်းအိမ်အလုပ်၊လူမူ့ရေး
ကိစ္စတွေနဲ့တစ်နေကုန်နပန်းလုံး။ဒါ့အပြင် အမေဖြစ်သူလယ်ယာတွေလည်းပြေးပြေးကူရသေး။
မြို့တက်ပြီး မထားရီနဲ့အတူဆန်ပွဲရုံ၊ဆီဂိုဒေါင်
လိုက်ပေးရနဲ့နားရတယ်မရှိပါဘူး။

သို့ပြင် ဘုရားတရားအလွန်ကိုင်းရှိုင်းတဲ့ အမျိုးသားကောင်းလေး ကိုဝင့်ထယ်မှာ...မနက်ဆို လင်းကြ က်မတွန်ခင်အစောကြီးထ၊ အာရုဏ်ဆွမ်းကပ်ဖို့ချက်ရယ်ပြုတ်ရယ်နဲ့။အရှေ့နေဝန်းရောင်နီပျို့ပျို့ထွက်လာသည်နှင့်တရားဓမ္မသံတွေပျံလွင့်လာတယ်။ထိုအာရုဏ်ဦးအခိုက်အတန့်
လေးသည် လောဘဒေါသ၊ အတ္တ မာန်မနာများ
မရှိ။လောကဓာတ်တစ်ခွင် ငြိမ်ချမ်းကြည်နှုးခြင်း
ဓာတ်လေး အပြည့်လွှမ်းခြုံထားတော့၏။

ညိုတိုတိုချည်ပုဆိုး၊တီရှပ်အဖြူပွပွနဲ့ မောင့်အမျိုးသားလေးက ဆွမ်းဒါနလောင်းလှူကုသိုလ်
ပြုတယ်။လက်အုပ်ချီနိဗ္ဗန်ဆုတောင်းတဲ့ မောင့်အမျိုးသားလေးမျက်နှာပေါ် ​အေးချမ်းသိမ်မွေ့မူ့တွေကိန်းဝပ်နေပြန်၏။

ဒီအချိန်မောင်ဟာလေ ရူးမိုက်မိုက်အတွေးတစ်ခု
ဝင်လာခဲ့တယ်။ကြုံရဆုံရလူ့ဘဝမှာ တရားဓမ္မနဲ့ပျော်မွေ့ဆိုတာသိပ်ခက်ခဲတယ်မလား မောင့်ထယ်။နိဗ္ဗာန်မရောက်မဲ့ အတူတူ အနားရှိတဲ့သူ
ကို တအားချစ်ပေး တအားဂရုစိုက်ကြင်နာပေး
ပါလား...ကိုဝင့်ထယ်။

You've reached the end of published parts.

⏰ Last updated: Aug 25 ⏰

Add this story to your Library to get notified about new parts!

ကိုဘီအေ(Completed)Where stories live. Discover now