Extra

33.8K 2.1K 362
                                    

ကဆုန်လဟု၊ ပြည့်ထဝင်းဝါ၊ ဝိသာခါနှင့်စန္ဒာလဝန်း၊၊ ယှဉ်ပြိုင်ထွန်းသော်၊ လေးကျွန်းလှည့်ပတ်၊ ဟတ္ထိတာရာ၊ ထပ်တူပါ၍၊ နေ့မှာတသွယ်၊ ကြယ်ကြတ္တိကာ၊သူရိယနှင့်။

ပြိသာရာသီ ကဆုန်လသို့ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်ခဲ့လေပြီ။ကဆုန်အတွင်း ​မြေသင်းပျံပျံ
မိုးနှံနှံ ဆိုသည့်အတိုင်းမုတ်သုံလေကအစပြု
ပြီ။အဲ့အချိန်ဆို တောင်သူတွေအတွက် အကြိုက်
မိုးစပါးကျဲဖို့အသင့်။ညောင်ပင်တန်းရွာသားတွေ
လည်းကိုယ့်လယ်မြေအတွက် ထယ်ထိုးရ၊ပျိုးကျဲ
ရနဲ့ နားရတယ်ကိုမရှိပါဘူး။ဒီထက်ပိုအလုပ်ရှုပ်သည်ကားရွာမျက်နှာဖုံး သစ်စက်ပိုင်ရှင်ဦးလူတို့.
မိသားစုပင်ဖြစ်ပါလိမ့်မည်။

ဦးလူ၊ဒေါ်မိုးတို့ရဲ့တစ်ဦးတည်းသောသားလေး
က ဒီကဆုန်လအတွင်းမင်္ဂလာဆောင်မှာ။လက်
ထပ်မဲ့လူကလည်းမေးဦး..ဒီတစ်ရွာလုံးရဲအချော
အလှပဂေးတွေတောင် ရှုံးတဲ့ထားရီမောင်ဝင့်ထယ်နဲ့။ စစတုန်းကတော့ ဒီလက်ထပ်ပွဲ ကရွာမှာ
ပြောမဆုံးပေါင်တောသုံးထောင်ဖြစ်သွားသေး
တယ်။နောက်ကျတော့လည်း ချီးမွမ်းခုနှစ်ရက်၊.ကဲ့ရဲ့ ခုနှစ်ရက်နဲ့ပြီသွားကျတာပါပဲ။

ဘုန်းဘုရားပြောသလို...သဗ္ဗေသတ္တာကမ္မ သကာ၊
သတ္တ ဝါတစ်ခုကံတစ်ခုပဲ၊ ကြုံရဆုံရ ရေစက်
ရယ်ကြောင့် ဘယ်တတ်နိုင်ပါ့မလဲ။

မိုးတိမ်တွေတလိမ့်လိမ့်တက်နေသော်လည်းမိုး
မရွာ။ဒီနေ့..မောင်နဲ့ဝင့်ထယ်တို့ရဲ့ မင်္ဂလာပွဲလေး
ခြိမ့်ခြိမ့်သဲအောင်ကျင်းပမှာ။အော်လံကြီးကနေ
လွင့်လာတဲ့ဓာတ်စက်သီချင်းတွေမှာလည်းတစ်
ခြားရွားနီးချုပ်စပ်ထိဟိန်းလို့။နှစ်ယောက်တည်းတစ်အိုးတစ်အိမ်ထူထောင်ရမည့်အကြောင်းတွေးမိတော့လည်းစိတ်လှုပ်ရှားကာတစ်ညလုံးအိပ်မပျော်။သူအိပ်မပျော်သလိုမောင်လည်းအိပ်ပျော်ခဲ့မယ်မထင်။
ဝင့်ထယ်တို့အိမ်ဝိုင်းက ကျဥ်းသည်လေ။မင်္ဂလာ
ဆောင်အတွက် မဏ္ဍပ်ထိုး၊ ချက်ပြုတ်ဧည့်ခံဖို့
ကျမလွယ်။အဲ့ကြောင့် မောင့်မိဘတွေပိုင်နှစ်ထပ်
အိမ်ကြီးရှေ့မှာပဲ မင်္ဂလာမဏ္ဍပ်ထိုး၊အလှူအတွက်
ချက်ကျပြုတ်ကျနဲ့...သိပ်ပျော်စရာကောင်းတာ။
ရွာမျက်နှာဖုံးသူဌေးဂုဏ်နဲ့အညီ မင်္ဂလာဆောင်
ကို ရွာလုံးကျွတ်ထမင်းရည်ချောင်းစီးမီးခိုးတိတ်ကျွေးမဲ့အပြင်၊ ညရောက်အောက်လင်းဓာတ်မီးထိန်ထိန်ညီးအောင်ထွန်ပြီးကမဲ့တစ်ပွဲထိုးအငြိမ့်
လေးတောင်ပါသေး။ အဲ့တော့မင်္ဂလာပွဲကျိတ်
ကျိတ်တိုးအောင်စည်မပေါ့။ဒါ့အပြင်အလှူမှာကျွေးမဲ့ထမင်း၊ဟင်းကိုလည်းကြည့်ဦးလေ။ပုသိမ်ဆန်လေးများကော့စင်းလို့။ဟင်းကလည်း ငါးခြောက်ထောင်း၊ဝက်သားဟင်း၊ ကြ က်သားဟင်း၊ငါးပိကြော်၊သရက်ချဥ်သုပ်...အိုစုံနေတာပါပဲ။

ကိုဘီအေ(Completed)Where stories live. Discover now