Part.12

32.1K 2.2K 284
                                    

သစ်စက်အလုပ်ပြန် ဦးလူတစ်ယောက် နားနားနေနေ  ထမင်းစားပြီး၊အိမ်ပေါ်ထပ်ကဓာတ်
ဆက်ကြီးဖွင့်ကာသီချင်းနားထောင်သည်။လူနဲ့
နာမည်လိုက်သည်ထိဦးလူ ကခပ်အေးအေး
တရားသမားရယ်။သောက်ဟယ်စားရယ်လည်းမရှိ။ဒေါ်မိုးနဲ့အိမ်ထောင်ကျပြီးကတည်းက နွားတစ်ကောင်လိုစီးပွားရေးကုန်းရုန်းရှာသည်။ဦးလူအရှာကောင်းသလို ဒေါ်မိုးကလည်းစုတတ်ဆောင်းတယ်။ငယ်လင်ငယ်မယား ဒိုးတူဘောင်ဖက်လုပ်
ကိုင်ရှာဖွေကျတာ ဆယ်စုနှစ်လေးတစ်နှစ်အတွင်း
မှာပဲသစ်စက်အသေးစားလည်းပိုင်လာခဲ့တယ်။
တောင်ယာအလုပ် မိသားစုပိုင်မြေကွက်လေးတွေကို အငှားချသင့်ဌား၊သူရင်းဌားခေါ်သင့်ခေါ်နဲ့။
အကျိုးပေးကောင်းတဲ့သားလေးမွေးပြန်တော့
ပိုပြီးတော့စီးပွားရေးချောမွေ့သေး။ရွှေလေး
ငွေလေးတွေစိုစိုအိအိရှိလာတော့လူတောသူ
တောလည်းဆန့်လာတယ်။ဒါကြောင့်...ဒေါ်မိုး
ဆိုသည်မှာဂျွန်မိုးစက်ကို ကန်းကုန်အောင်အလို
လိုက်သပ။ဂျွန်မိုးစက်ငယ်ငယ်ကလေးဘဝ တုန်း
က အသာဖြူဖြူဖွေးဖွေးနဲ့တစ်လုံးတစ်ခဲကြီး။
မျက်လုံးလေးလည်းလှသပတော်။မျက်တောင်လေးတွေဆိုအုန်းဆီထဲလက်ဖက်စိမ်ပြီးကော့ကော့
ပေးတာညွတ်လို့။နေပူကျစ်ကျစ်တောထဲမွေးလာ
တဲ့အသားအရေမျိုးလို့မထင်ရ။မင်းဆွေမင်းမျိုး
ထဲ ရွှေမူန်စားပြီးကြီးလာသလားမှတ်ရတယ်။ကစားဖက်ဖိုးထူး ဆိုအဲ့တုန်းက သေးသေးညှက်
ညှက်မဲမဲကလေး။အမောင်ဂျွန်မိုးစက်နဲ့ယှဥ်ရင်
ဆီနဲ့ရေ။အသက်ကြီးလာပြန်တော့ဖိုးထူးကစာ
သင်လို့မရ။စာ ဆိုတဲ့အသံကြားရုံနဲ့တင်အိမ်နောက်
ဖက်စပါးအုံကြီးထဲပြေးဝင်ပုန်းတတ်တာ။ဂျွန်မိုး
စက်ကတော့ရွာနီးချုပ်စပ်က ပွေးကုန်းဘုန်းကြီး
ကျောင်းမှာမူလတန်းအောင်၊အဲ့ကနေ အလယ်တန်းအထက်တန်းတွေဆက်တက်ခဲ့တာပဲ။
မိဘနှစ်ပါးကလည်း ထောက်ပံနိုင်သူတွေမလား။
အဲ့ကျ ကောလိပ်ရောက်တဲ့ထိ ဘာမှပူပန်စရာမရှိ
အေးဆေးစာသင်ရုံလေး။ ကောလိပ်ပြီးတော့လည်းသားက အစိုးရ ရုံးစာရေးလုပ်ချင်သော်ငြား
​ဒေါ်မိုးကိုယ်တိုင်ခွင့်မပြုခဲ့။အဝေးကြီးထက်
စာရင်သားကိုမျက်စိအောင်တွင်သာခေါ်ထားချင်
တာ။ဒါ့ကြောင့် တက္ကသိုလ်ပြီးသည်နှင့်ရွာပြန်ခေါ်
ကာမိဘအလုပ်တွေကို သင်ယူဦးစီးစေသည်။

ကိုဘီအေ(Completed)Where stories live. Discover now