ဘုန်းကြီးပျံပွဲပြီးနောက်ပိုင်းဝင့်ထယ်နဲ့ဂျွန်မိုးစက်တို့
သိပ်မတွေ့ဖြစ်။ အရီးဒေါ်မိုးက သရက်ကုန်းရွာရှိ
သူ့ညီမတစ်ယောက်နေမကောင်းလို့သွားသတင်းမေး
တာ ကိုဘီအေကြီးကိုပါခေါ်သွားသပ။ဒီလိုကျတော့
လည်း...ဝင့်ထယ် ဂျွန်ကိုတအားလွမ်းသား။အရင်လိုသူ့အိမ်ရှေ့နား လျှောက်ပြန်သံပေး၊ခြေအေးဝမ်းယောင်လူပျိုလှည့် တတ်တဲ့လူကိုလွမ်းပါဘိသနှယ်။"ဟဲ့...ဝင့်ထယ်ရေ...နင့် အကြော်ကြော်ဖို့ကြက်သွန်လှီးခိုင်းတာ၊ဓားကြီးကိုင်ပြီး ငေးငိုင်နေရတယ်လို့..အေ"
မထားရီက ဝင့်ထယ်ကျောလေးအားပုတ်ကာဘေးနား
ဝင်ထိုင်လိုက်သည်။"ဆိုစမ်းပါဦး...ဘာတွေတွေးနေတာလဲ"
"ဘာ..ဘာမှမဟုတ်ပါဘူး...အရီးဒေါ်ဘုမယောကျာ်းလေဖြတ်ထားတာလေ၊အဲ့ဒါကောင်းပြီလားလို့စဥ်းစား
မိသွားတာ..."တစ်စုံတစ်ဦးကိုလွမ်းကြောင်းအစ်မရိပ်မည်မှာစိုး၍
ဝင့်ထယ်ဦးနှောက်ထဲတွေးမိတွေးရာပရမ်းပတာ
တွေပြောမိလိုက်ခြင်းသာ။"ပေါက်ပေါက်ရှာရှာဟယ်...အရီးဒေါ်ဘုမ ယောကျာ်း
နေမကောင်းတာနင်နဲ့ ဘာဆိုင်လို့တုန်း...""ဆိုင်တော့မဆိုင်ဘူးပေါ့ဟ၊ဒါပေမဲ့..အရီးဒေါ်ဘုမ
သနားပါတယ်။မနက်ဆိုအစောကြီးထ စျေးရောင်း၊
ပြန်ရောက်တော့လည်း စားဖို့သောက်ဖို့ထမင်းဟင်း
ချက်ရပြုတ်ရနဲ့ လူမမာယောကျာ်းကိုလည်းချီးသလူ
သေးသလူ ပြုစုရသေးတယ်...ဘယ်လောက်ပင်ပန်းလိုက်လည်း"ထားရီးက သူ့မောင်အထွေးလေးရဲ့ကိုယ်ချင်းစာမူ့
နဲ့တစ်ဖက်သားပေါ်စဥ်းစားတွေးတောဂရုဏာသက်မူ့ကိုတွေးကာသဘောကျမိ၏။"ဝင့်ထယ်..."
"ဟုတ်..."
"နင်က အမေပြောသလိုပဲ ဘုရားဖြစ်မဲ့အုတ်နီခဲ ကြီး
သိလား၊မပူနဲ့... ငါတို့တစ်ဆွေလုံးတစ်မျိုးလုံးစုပြီး
ဒီဝါဝင်ရင်နင့်ကို ရဟန်းခံပေးမယ်"အောင်မလေး...ဘုန်းကြီးဝတ်ရမယ်ဆိုပါသကား...
ဝင့်ထယ်မျက်နှာလေးနီဆွေးသွားရတော့သည်။
အရင်တုန်းကအမေ အစ်မတွေကအမြဲတမ်းအဲ့လို
စသော်ငြား ပုံကြီးမချဲ့ခဲ့။အခုတော့...သူက ဂျွန်၏
ခပ်ချောချောမျက်နှာကြီးကိုမြင်ယောင်လာပြီး