မနက်မိုးလင်းထနေကျအချိန်တိုင်းဝင့်ထယ်နိုးလာ
ခဲ့၏။မြို့ကြီးပြကြီးလို့နေရာတွေနဲ့ဝင့်ထယ်နေလို့အသားမကျသေး။တုန်းမောင်းခေါက်သံ၊ ကြ က်
တွန်သံ၊အရီဗျိုင်းရဲ့ ပဲ ပြုတ်ပူပူလေး ဆိုတဲ့
အော်သံကအစမကြားရတော့ရင်ထဲဟာတာတာ။
တောဗေဒါမို့လားမသိ...ရွာနဲ့တစ်ရက်ပဲခွဲရသေးတယ် လွမ်းနေပြီ။ထယ့်အနားမောင်ရှိနေလို့သာ
ခံသာရော့မယ်။တစ်ညလုံးမောင့်ရင်ခွင်ထဲ တိုးဝင်းပြီး၊
လက်မောင်ပေါ်ခေါင်းအုံးအိပ်ခဲ့သည်ကြောင့်၊မောင့်လက်မောင်းများ ကိုက်ခဲနေမလားလို့တွေးကာအားနာစိတ်ဝင်မိသည်။ဝင့်ထယ်နိုးနေပေမဲ့တန်းထ ထိုင်လို့မရသေး။.ဂျွန်က သူ့ခါးကို
တင်းတင်းကျပ်ကျပ်ဖက်ထားပြီးခြေထောက်
တစ်ဖက်နဲ့အကျအန ခွထားသေးတယ်။မသိရင်..
ဝင့်ထယ်ကမောင့်အတွက် ဖက်ခေါင်းအုံးလေး
ကျနေတာပဲ။အိပ်ပျော်နေတဲ့ မောင့်မျက်နှာလေးက တိမ်ကင်း
စင်တဲ့ကောင်းကင်လေးနှယ်။နဖူးမှအစ မေးစေ့
အောက်က မှဲ့နက်လေးအထိမြတ်နိုးချင်ဖွယ်တိတိ။မျက်တောင်စင်းစင်းရှည်ရှည်လေးတွေမှာ
ပါးပေါ်အရိပ်သဖွယ်ဖြာကျနေပြီး၊မျက်ခုံးတန်းတွေကအစထူထူပိန်းပိန်းနက်နက်မှောင်မှောင်။
ရယ်လိုက်တိုင်းပေါ်လာတဲ့ခပ်ကြီးကြီးရှေ့သွားလေးတွေက ယုန်သွားလေးတွေနဲ့တောင်တူလှသေး။ ဝင့်ထယ် မောင့်မျက်နှာ အစိတ်အပိုင်းတိုင်းကို..စေ့စေ့စပ်စပ်လိုက်ကြည့်ရင်း သဘော
တကျ ပြုံးမိပါ၏။ဝင့်ထယ် ချစ်သူ ကိုဘီအေကြီးမှာ ချောလွန်း၊
သန့်လွန်းခန့်ညားပါဘိသနှယ်။ဒီလိုမျိုး...စာ
တ်ပေတတ်၊ရည်မွန်ဖော်ရွေပြီး၊ရပ်ရွာအကျိုးသယ်ပိုး တတ်တဲ့ အမျိုးမှန်အဖိုးတန်လေးကို
ရထားတာ ဝင့်ထယ်တို့များကံကောင်းချက်။ထိုစဥ်..ဝင့်ထယ် ခါးပေါ်ရှိလက်တစ်ဖက်မှာပိုတင်းကျပ်သွားပြီးမောင့်နဖူးနဲထိကပ်သွားတယ်
။ဝင်သက်ထွက်သက်နွေးနွေးလေးနဲ့၊နှာခေါင်းထိပ်ချင်းပွတ်သီးပွတ်သပ်။ တစ်ကယ့်ကိုကြင်စဦးဇနီးမောင်နှံလိုပဲ၊သူတို့နှစ်ယောက်လုံးမခွဲနိုင်မခွာရက်။