ညိုချောလဖ္ဘရည်ဆိုင်လေး၏မနက်ခင်းသည်ရ
တနာသုံးပါး၏အရိပ်အာဝါသတွင်းအေးချမ်းစွာ
တည်ရှိ၏။ဒေါ်အင်တုံကြီးကမီးပြင်းပြင်းဒယ်ပေါ်
အကြော်တွေတရှဲရှဲကြော်။ထားရီက ဆိုင်ထဲဝင်လာ
သမျှဧည့်သည်ကိုပျူငှာစွာဘာစားမလဲ၊ ဘာသောက်မလဲ လိုက်မေး။အဖျော်ဆရာလေးကို
ဝင့်ထယ်ကလည်း လဖ္ဘရည်ခွက်ကြီးခွက်ငယ်နဲ့အလုပ်ရှုပ်။
တစ်ကယ့်ကိုသားအမိသုံးယောက်လုံးတက်ညီ
လက်ညီမြိုင်မြိုင်ဆိုင်ဆိုင်။တောရွာကဆိုင်လေး
ဆိုပေမဲ့ ငြား သန့်ရှင်းသပ်ရပ်သည်။အဖျော်ဆရာ
လက်ရာလည်းကောင်းသလို အပြုံးသလည်း...
ဆရာကြီး(ဆေးသကြား)ထက်ပင်ချိုသေး။
ညိုချောတွေ နံသာဖြူလိမ်းရင်ဝါညက်ညက်စိမ့်
စိမ့်လေးက ကြည့်ကောင်းပ။ဝင့်ထယ်က ယောကျာ်းလေးဆိုပေမဲ့ အကြည့်ခံတဲ့အလှမျိုး။ကြည့်လေ.. လှလေရင်ထဲစွဲနေအောင်ပါပဲ..
မောင့်ထယ်။နှုတ်ခမ်းလေးတင်းတင်းစေ့
..စကားလုံးတွေထွက်ကျမလာအောင်ခေါင်းလေး
ငုံရှက်ပြုံးလေးပြုံးလိုက်ရင်ဖြင့် ဒီမောင့်ရင်တွေ
မဟားတရားခုန်လာပါရော။တမြန်နေ့က ရွာကိုဧည့်သည်တွေပါလာတယ်။
လာကြိုဆိုပြီးအဘခိုင်းလို့ သွားသာကြိုရတာ၊
စိတ်ဖြောင့်ဖြောင့်မရှိလှပါဘူး မောင့်ထယ်။ဖိုးထူး
နဲ့လူကြုံပါးလိုက်ပေမဲ့ ဘာတွေချွန်တွန်းလုပ်လိုက်
လည်း မသိ၊ အခုထိ အမျိုးသားကောင်းလေးက
သူ့အပေါ်ရွှေစိတ်တော်ငြိုငြင်နေတုန်း။မနက်နေရောင်ထွက်ပြီဆိုတာနဲ့ညိုချောလဖ္ဘရည်
ဆိုင်ရှိရာသို့သူတို့သုံးယောက်လုံးချီတက်လာကျ
သည်။နောက်လူသစ်က ဒေဝီပေါ့။အိမ်က ဒေဝီ
နဲ့သူ့အားသဘောတူသယောင်ယောင်ရှိပေမဲ့သူ
တို့နှစ်ယောက်ဆက်ဆံရေးကသာမာန်မျှသာ။
ဒေဝီ ရွာကိုရောက်ရောက်ချင်းနေ့ကတည်းက
ဂျွန်မိုးစက်အချိန်ပေးပြီး စကားပြောဖြစ်သည်။
အခုလည်းရှင်း၊နောင်လည်းရှင်း...တစ်ဖက်
မိန်းကလေးအပေါ်မှာလည်းမျှော်လင့်ချက်မပေး
ချင်သလို၊မောင့်ထယ်အပေါ်မှာလည်းစကားလုံး
သေးသေးလေးတစ်လုံးနဲ့တောင်ဖောက်လွဲ ဖောက်
ပြန်မလုပ်ချင်။မိမိမှာချစ်ရတဲ့သူရှိကြောင်းနှင့်ထို ချစ်ရတဲ့သူက
ယောကျာ်းလေးဖြစ်ပြီးကိုဝင့်ထယ်လို့ခေါ်သည်က
အစ ပြောပြဖြစ်ခဲ့၏။ဒေဝီကလည်းအံသြ သွား
ပုံမပြ။အကယ်၍လူကြီးတွေဘက်က ပြောင်ပြောင်
တင်းတင်းလက်ထပ်ဖို့စီစဥ်လာခဲ့ရင်သူမဘက်က
အရင်ငြ င်းပေးမည်ဖြစ်ကြောင်း အခိုင်အမာပြောဆိုလာသည်။