မိုးလင်းကြက်တွန်သံကြားသည်နှင့် အကျင့်အတိုင်းဝင့်ထယ် အိပ်ယာကနေနိုးတော့သည်။
ဘေးနားအိမ်ဦးနတ် ဂျွန်မိုးစက်ကတော့မိုးအေးအေးနဲ့အိပ်မောကျလို့ကောင်းတုန်း။အား
ကောင်းကောင်းနဲ့ တစ်ညလုံးသဲ ကြီးမဲကြီးရွာလိုက်တဲ့မိုးဆိုတာ မိုးလင်းမှပဲနည်းနည်းစဲသွားတော့တယ်။
လင်းရောင်မသဲကွဲသေးသည်ကြောင့်ဒီဇယ်မီးအိမ်
ကိုအားကိုးကာအိမ်နောက်ရေကပြင်ထိ ဆင်းလာပြီးမျက်နှာသစ်၊ဆားဖြင့်အာလုပ်ကျင်းသွားတိုက်သည်။ကိုယ်လက်သန့်စင်ပြီးသည့်အခါ....
သောက်တော်ရေချမ်း၊ဆီးမီး.ကပ်လှူပြီး ဘုရား
ဝတ်ပြု၏။မောင်အပါအဝင်ခုနှစ်ရက်သား
သမီးတိုင်းကို စိတ်လက်ချမ်းသာ၊ဘေးအန္တာရယ်
ကင်းရှင်းစေကြောင်းမေတ္တာပို့သည်။ကုသိုလ်ကောင်းမူ့လေးနဲ့မနက်ခင်းကိုအစပြုရသည်မှာကြည်နှုးဖွယ်ကောင်းလိုက်တာ။
နာရီပြန်ရှစ်ချက်တီး.ရင်မောင်စာသင်ဖို့ကျောင်းသွားရမယ်။ကျောင်းမသွားခင်အဆာပြေမောင်
စားဖို့မနက်စာက အစ ထမင်းဘူးအဆုံးဝင့်ထယ်ပြင်ဆင်ပေးရပါဦးမည်။ အိမ်အလုပ်တွေကို
ဖိဖိစီးစီးလုပ်ဆိုပြီး မောင်ခိုင်းသည်လည်းမဟုတ်။
ဝင့်ထယ်ကိုယ်တိုင်မိဘအိမ်တွင်နေစဥ်တုန်းက.
သားသမီးတာဝန်ကျေခဲ့သလို၊အိမ်ထောင်ကျတော့လည်းလက်တွဲဖော်တစ်ယောက်၏တာဝန်
ကျေချင်သေးသည်။ တစ်ညရေစိမ်ထားသော
စားတော်ပဲကိုဆော်ဒါအနည်ငယ်လေးထည့်ပြီး
ပြုတ်လိုက်တယ်။ထို့နောက်ပဲပြုတ်နဲတွဲစားဖို့င
ရုတ်သီးပွခြောက်နီရဲရဲကိုဆီပူပူထဲ ထည့်ကြော်၏။
ထမင်းဘူးအတွက်တော့...ညတည်း ကလုံးထား
တဲ့ကြ က်သားကိုဆီပြန်လေးဖြစ်အောင်ပြန်ချက်။
နောက်ဖေးမီးဖိုဆောင်လေးထဲ ဝင့်ထယ်အိုးခွက်
ပန်းကန်တွေကြားပလုံစီအလုပ်များနေခိုက် ဂျွန်မိုးစက်မှာအိပ်ယာကနေ နိုးလာခဲ့သည်။"ကိုဝင့်ထယ်....."
အိပ်ချင်မူးတူးအသံဖြင့် နောက်ဖေးဆောင်သို့ဝင်
လာကာဟင်းချက်နေသောဝင့်ထယ်ကိုယ်လုံးလေးအားအနောက်ကနေဆွဲဖက်ပစ်သည်။"မောင် ဘယ်နှစ်ခါပြောရမလဲ၊ထယ် အစောကြီး
ထပြီးမောင်အတွက်တကူးတက ဘာမှထပြင်
ပေးစရာမလိုဘူး"