"အရီး..."
ဝင့်ထယ်ခေါ်သံကြောင့်အရီးမိုးမှာဆေးပေါ့လိပ် လိပ်ရင်းလှည့်ကြည့်လာသည်။
"အမေ အတိုးလာသပ်ခိုင်းလို့"
"လာ လေ...ဒီကို၊အကြွေးစာရင်းတွေကိုင်တဲ့ မင်းအစ်ကို ဘီအေကြီးတော့မရှိဘူး၊ဒီအတိုင်းထားခဲ့
ချေ...သူပြန်လာမှ အရီးစာရင်းထဲ ပေါင်းမှတ်ခိုင်းလိုက်မယ်""ဟုတ်..."
ခါးတွင်ကျစ်ကျစ်လိမ်အောင်ထိုးထည့်ခဲ့သောငွေစက္ကူတစ်ချို့အား အရီးမိုးဆီလက်နှစ်ဖက်ဖြင့်ကမ်ပေးလိုက်တယ်။အရီမိုးက ငွေစက္ကူကိုစစ်လည်းမစစ်၊ပြည့်မပြည့်လည်းမရေ။
"လူလေး...အပြန်လမ်းမှာမိမွှေးနဲ့တွေ့ရင် အရီး
ခေါ်နေတယ်လို့ပြောပေးစမ်းပါ ၊ကိုမိုးစက်ရဲ့
ကျောင်းဝတ်ပုဆိုးတွေ ချုပ်ထည်အပ်ခိုင်းချင်လို့"ဝင့်ထယ် မျက်လုံးညိုလေးများသည်အရီးမိုးဘေး
နားချထားသည့်စတစ်ကော်လံရှပ်အဖြူနဲ့ကျောင်း
စိမ်းပုဆိုးလေးပေါ်ကပ်ငြိသွားသည်။ မောင်လို
လူက.... နဂိုမူလရုပ်ရင်းခံကပင်သန့်ပချော့ပ ခန့်
ပဆိုတဲ့အမျိုး။ဒီလိုလူမျိုးကို ကျောင်းဆရာအဖြစ်မြင်ရတွေ့ရဦးမည်ကိုတွေးကာ ဝင့်ထယ်ရင်တုန်ပါဘိသနှယ်။ရွာက ဘူးသီးနုနုကာလသမီးတွေဝိုင်းကြိုက်ကုန်မှဖြင့်။"ဟဲ့..ဝင့်ထယ်... မင်းကွယ်..အတွေးများပါဘိသနှယ်၊ငါပြောတာကြားရောကြားပါ့လား မသိပါဘူးတော်.."
"ကြားပါတယ် အရီးရဲ့...အစ်မမွှေးကိုချုပ်ထည်
အပ်ခိုင်းမဲ့အစား၊အဲ့ကျောင်းစိမ်းပုဆိုးကိုကျုပ်
သာပေးလိုက်။သေချာ အနားလေးလုံးပြီးချုပ်
ပေးမယ်"မောင့်အတွက် ကျောင်းစိမ်းပုဆိုးလေး ဝင့်ထယ်
ကိုယ်တိုင်လက်ချုပ် ချုပ်ပေးချင်သည်ကြောင့်အရဲလေးစွန့်ကာတောင်းမိလိုက်သည်။"ဟုတ်မှလည်းလုပ်ပါ ဝင့်ထယ်ရယ်၊ထားရီဆို..
တော်ပါသေးတယ်၊အခုဟာက....""ဘာလဲ... အရီမိုးက ကျုပ်ကိုမယုံတာလား။ပုဆိုး
တွေအားလုံးကျုပ်ကိုင်တိုင်ချုပ်တာပါဗျ၊ မယုံရင်...ဒီပုဆိုးရဲ့ချုပ်ရိုးကြောင်းကိုကြည့်မလား"