Part.2

44.5K 3.1K 636
                                    

မနက်လေးနာရီ...ရွာဦးကျောင်းရဲ့အုန်းမောင်း
ခေါက်သံနဲ့အတူဒေါ်မိုးတစ်ယောက်နိုးလာရတယ်။ထို့နောက်အိမ်မှာလုပ်ဖော်ကိုင်ဖက်ခေါ်ထားသောမိမွှေးနဲ့အတူနောက်ဖေးချောင်ဝင်ကာဆွမ်းဟင်းချက်ရသည်။လင်းအာရုဏ်တက်ချိန်မှာတော့ဖန်ရေဆိုသင်္ဃန်း ရုံထားတဲ့သံဃာတော်ရှင်သူမြတ်တို့အားဆွမ်းလောင်းလှူကာကုသိုလ်ဒါနပြုကျသည်။

ဆွမ်းလောင်းအပြီးအိမ်ပေါ်ပြန်အတက်၊
အိမ်ရှေ့ခန်းအလယ်ဝတ်ကောင်းစားလှတွေနဲ့ရှိုးထုတ်ပဲများနေသောသားတော်မောင်းအားမြင်
တော့၊ငါများမျက်စိမှားရော့သလားဆိုပြီးနှစ်ခါ
ပြန်ကြည့်ယူရတယ်။ဘီအေဘွဲ့ရ ကိုယ်တော်ချောကဒီအချိန်စောစောစီးစီးထတတ်သည်ကရှားပါသည်လေ။

"သား...လူလေး...အစောကြီးရှိသေး၊မင်္ဂလာဆောင်
ပွဲလမ်းသဘင်သွားရမဲ့အချိန်မဟုတ်သေးဘူးကွယ့်၊သွား...ပြန်အိပ်ချေဦး"

"အမေကဗျာ...သားဘယ်မင်္ဂလာဆောင်သွားရမှာ
တုန်း၊မနက်စောစီးညိုချောဆိုင်မှာမနက်စာသွား
စားမလို့ဗျ..."

ဒေါ်မိုးတစ်ယောက်သားဖြစ်သူကိုကြည့်ပြီးမျက်စိ
နောက်လှသည်။အခုတလော....ရွာမပတ်ပဲညိုချော
လဖ္ဘရည်ဆိုင်သွားသွားနေတာမသိတာကျလို့။ဒီ
​ညောင်ပင်တန်းရွာကယောကျာ်းတွေမှန်သမျှဘယ်သူညိုချောလဖ္ဘရည်ဆိုင်နဲ့လွတ်သတုံး။အားလုံးကထားရီရဲ့သနားကမားရုပ်ရည်လေး ၊အသံချိုချို
လေးမှာပြိုနေကျတာလေ။

"ငါ့သားရယ်...မင်းဟာကမဟုတ်သေးပါဘူး
ကွယ်။မိုးမလင်း၊နေမထွက်သူများဆိုင်တောင်မခင်းသေးပဲသွားထိုင်စောင့်နေတာ ဘယ်လောက်မျက်နှာပူဖို့ကောင်းလဲ၊ဟိုက အမြင်ကပ်ကပ်နဲ့
လိုက်ရိုက်ထုတ်နေပါဦးမယ်"

အမေစ့ကားကမှန်သင့်သလောက်မှန်သည်ကြောင့်
အရှက်ပြေရယ်ပြနေမိလိုက်၏။ဂျွန်မိုးစက်လည်း
ဘယ်လိုဖြစ်နေမှန်းမသိပါဘူးဗျာ။ရှေးရေစက်လို့ဆိုရမယ် ဒီအမျိုးသားလေးကိုစစတွေ့ချင်းကတည်းကသိပ်သဘောကျတဲ့သူကိုဗျ။

"အဟဲ...သားလည်းမသွားသေးပါဘူးဗျ၊ဖိုးထူးကို
ဝင်နှိုးလိုက်ဦးမယ်။ ဖိုးထူးအိလေးဆွဲ ပြီးပြင်
ဆင်ဦးမှာနဲ့ဆို၊သားတို့သွားရင်ဆိုင်ဖွင့်လောက်ပါ
ပြီဗျာ"

ကိုဘီအေ(Completed)Where stories live. Discover now