lPart.22

28.8K 1.9K 212
                                    

တန်းခူးရောက်တော့မည့်မို့နေက ခြစ်ခြစ်တောက်ပူ၏။မြောက်အရပ်ထနောင်းပင်ညီနောင်ဆီမှ
ချိုးကူသံတစ်သာသာက အလွမ်းအဆွေးဓာတ်
ခံကိုဖြည့်ပေးနေသယောင်။ဒီအချိန်ဆို သီးထပ်
နွေစပါးတွေလည်းရင့်မှည့်နေပြီ။စပါးတွေရိတ်
သိမ်းသိုလှောင်ပြီးရောင်းတန်ရာရောင်း၊သိမ်းတန်
ရာသိမ်းနဲ့အလုပ်များပြီ။စပါး၊ပဲတွေရောင်းရငွေ
နဲ့ နှစ်သစ်ကူးအချိန်သင်္ကြန်အခါသမယမှာထမင်း
ရည်ချောင်းစီးမောင်းတီးလှူ ကျသည်။ ရွာဒိုး၊
ရွာမင်းသမီးလေးတွေနဲ့ပေါင်းပြီး သံချပ်တိုက်
လိုက်ယိမ်းကလိုက်နှင့်တောရွာတောဓလေ့က
အင်မတန်ပျော်စရာကောင်း၏။နွေအလယ်လေအဝှေ့မှာပန်းပိတောက်ရနံတွေတသင်းသင်း။ငုဝါ
တွေပင်ယံထက်လှိုင်လှိုင်ကြွယ်လို့ ထိုနွေပန်းချီ
ကား အား ဘယ်ပန်းချီရေးလို့တုံနှိုင်းဖွယ်ရာမမြင်။

နေ့မွန်းတည့်အချိန်မို့​ညောင်ပင်တန်းရွာရဲ့ ရွာဦး
ဘုန်းကြီးကျောင်းမှာအင်မတန်မှတိတ်ဆိတ်လွန်း
နေခဲ့သည်။ဘဘုန်းဘုရားမှာနေ့လည်နေ့ခင်းကျိန်း
နေကျဆိုသော်ငြား ဒီနေ့ကျ ဦးလူသယ်လာသော
အပူမီးကိုဝိုင်းငြှိမ်းနေရသည်မို့မကျိန်းနိုင်ရှာ။အထူးသဖြင့်..တငိုငိုတရီရီဖြစ်နေတဲ့ ဘုရားဒါယိကာမကြီးဒေါ်မိုးပေါ့။တစ်ဦးသောသားလေးပညာတတ်၊ဘွဲ့ရကြီးက ဒီလိုတွေဖြစ်လာတာဆိုတော့သူ့ခများပရိဝေဒသောကမီးတောက်လောင်မပေါ့။

"ဒကာမကြီး...အဲ့ လိင်တူချစ်ကြိုက်တဲ့ ကိစ္စတွေက
အခုမှပေါ်လာတာမဟုတ်ဘူးကွဲ့။ဒို့ဘုရားဟော
ထားတဲ့အထဲမှာလူတွေသက်တမ်းနှစ်ပေါင်း၅၀၀
တည်းကရှိလာကျတာ။သဘာဝလွန်တရားဓမ္မ
တွေပေါ့ကွယ်။အခုဒီဘက်သက်တမ်းထိရောက်
တော့လည်းဒါတွေကလျှော့မသွားဘူး။ဖြစ်
လာပြီဆိုမှ အကောင်းဆုံးဖြစ်အောင် စဥ်းစား
ဆုံးဖြတ်ကျပါကွယ်။ဘုန်းကြီးကတော့..
ဘာမှပါဝင်ပတ်သတ်ပြီးမပြောချင်ဘူး"

(ကိုးနဝင်းဆရာတော်ဘုရားကြီး၏ ဓမ္မစကား
မှထုတ်နှုတ်ခြင်းသာ...)

ယောဂီသပတ်အောက်နားစနဲ့ဒေါ်မိုးမှာမျက်ရည်ပူ
တွေကိုသုတ်လို့မပြီး။

ကိုဘီအေ(Completed)Where stories live. Discover now