Part.17

32.1K 2.1K 244
                                    

စာသင်ကျောင်းဆောင်ကြီးလည်းဆောက်လို့ပြီးစီးဇာတ်ငှားဖို့ အနှေးအမြန်လုပ်ဆောင်ကျတော့သည်။ဒီရွာမှာလည်လည်ဝယ်ဝယ်ရှိတာ
ဆိုလို့ တက္ကလ်သိုး ဘွဲ့ရ ကိုဘီအေကြီးတစ်ယောက်ပဲရှိတာမလား။ကျန်တဲ့ရွာသူရွာသားတွေက ရွာထိပ်ညောင်ပင်နဲ့ရွာနီးချုပ်စပ် သရက်ကုန်းလောက် အကွာအဝေးသွားဖူးရင်ပဲ ဝေးလောက်ပြီထင်။မြိုင်မြို့ရယ်လို့ကြားသာကြာဖူးကျပြီး၊
ဟုတ်တိပတ်တိသွားလာကူသန်းခြင်းမရှိကျသလို၊သွားလည်းမသွားချင်ကျ။တောသူ
တောင်သားတွေအဖို့ ရွာမှာမွေး၊ရွာမှာကြီးလာ
ပြီးရွာထဲက ဒီလူတွေနဲ့သာအိမ်ထောင်ရက်သား
ကျ ။ အလုပ်အကိုင်ဆိုလည်းတောင်သူယာခုတ်၊
ငှက်ရှာဖားရှာ။အဲ့တော့ဘယ်သူမှမြို့ဆိုတာကြီး
ကို တခမ်းတနားအရေးအဖက်လုပ်မနေ။

အခု ​မြို့တက်ဇာတ်ဌားလည်းဆိုတဲ့..တာဝန်ကြီး
က ဂျွန်မိုးစက်ခေါင်းပေါ်ကျလာပြန်ရော။ဒေါ်
မိုးကလည်းဒါမျိုးဆိုသိပ်ကျေနပ်သပ။တစ်ရွာ
လုံးမှာ အချမ်းသာဆုံး၊ပညာအတတ်ဆုံး၊ရပ်
ကျိုရွာကျိုး ဂုဏ်ထူးဆောင် အမောင်ဂျွန်မိုးဆက်
ရဲ့အမေဖြစ်ရတာ ပွဲလယ်လည်းတင့်၊ဂုဏ်လည်း
တင့်နဲ့။ပွေးချောင်းနတ်ကတော်တင်တင်လုံးကို
ကြိုက်တယ်ဆိုတဲ့ခေါင်းခဲစရာကိစ္စတစ်ခုပဲရှိတာ။
အားတဲ့ရက်တစ်ရက်လောက် ပွေးချောင်းဘက်ကို
အလည်သွားပြီးနတ်ကတော်တင်တင်လုံးအကြောင်းစနည်းနာဖို့လည်းရှိတယ်။

သြော်..ဘာပဲ ဖြစ်ဖြစ်အဲ့နတ်မိန်းမ တင်တင်လုံး
နဲ့အမိုးသား လူပျိုနုနုထွက်ထွက်လေးကိုမပေးစား
နိုင်ပါဘူး။ အိမ်အလည်ရောက်နေတဲ့ မြို့သူ
ဒေဝီနဲ့လည်းနီးစပ်ပုံမရ။ဟိုကလည် ထားရီ
အနားပဲ ကပ်နေသပ။စားတောင်သောက်တာ
တောင် ဒီအိမ်ထမင်းဟင်းကိုတစ်စက်မှမတို့။
မထား..မထားဆိုတာချည်းပဲ ကြာတော့နားကြား
ပြင်းကပ်တယ်။

ဂျွန်မိုးစက်လည်း..အခွင့်အရေးကိုကောင်းကောင်းအသုံးချချင်သည်ကြောင့်ဖိုးထူး ငရူပ်အပြင် အသဲအသက်ညှာလေးဖြစ်တဲ့ကိုဝင့်ထယ်အားခေါ်သွားချင်ကြောင်းအဆိုပြုတော့၏။အရမ်းဇာတ်ငှားချင်နေရှာတဲ့..သူကြီးက လည်းနှစ်ခါမ​ပြောရ၊စိတ်အလိုရှိက ခေါ်သွားနိုင်ကြောင်းပြောတော့ ဂျွန်မိုးစက်တစ်ယောက်မနောခွေ့၊သဘောတွေ့ပေါ့။ကိုဝင့်ထယ်ကပါသဘောတူကြောင်းခေါင်းညိမ့်လက်ခံလိုက်သည့်အခါ ဂျွန်မိုးစက်အကြံအစည်အောင်မှာ အလုံးစုံအောင်မြင်သွားရတော့၏။

ကိုဘီအေ(Completed)Where stories live. Discover now