အပိုင်း-၁
ရန်ကုနိအပြည်ပြည်ဆိုင်ရာလေဆိပ်
လေယဉ်ကရန်ကုန်မြို့ကောင်းကင်ပေါ်ဝဲနေတည်းကဘယ်ဘက်ရင်အုံက တဒုန်းဒုန်း ရင်တွေခုန်ကာ မကြာခင်တွေ့ရတော့မယ့် ကိုယ့်အချစ်လေး ကိုယ့်ဘဝရဲ့အရှင်သခင်မလေးဖြစ်မယ့်သူမလေး ကိုတွေ့ရတော့မှာမို့ ဘုန်းသန့်ညီ တယောက်စိတ်လှုပ်ရှားနေသည်။မကြာခင် လေယဉ်ဆင်းကာ လေဆိပ်ထဲရောက်တော့ လာကြိုမယ့် ဦးနေသွေးကိုတွေ့ရသည်။
"သား မင်းက မတွေ့ရတဲ့နှစ်တွေ ကြာတော့ အတော်ထွားလာတာပဲ ချောလဲချောလာတယ်
ကောင်မလေးတွေတော့ မင်းကိုသဲသဲလှုပ်အုံးမှာ မြင်ယောင်သေးတယ်ကွာ""သူကကော ကျွန်တော့်ကို သဘောကျပါ့မလား"
စိတ်လှုပ်ရှားစွာ မေးလာတဲ့သားကိုကြည့်လိုက်တော့ အရပ်က၆ပေကျော် တောင့်တင်းတဲ့ခန်ဓါကိုယ် ယုနဲ့သူ့အမျိုးသားဆီက အလှအပအားလုံးကိုရထားတဲ့အပြင် စတိုင်လ်ကျစွာ ဝတ်စားထားမှုက လေဆိပ်ထဲကမိန်းခလေး တိုင်းငေးမောခံနေရသူဖြစ်ပေမဲ့ သားကတော့ အစွဲလန်းကြီးစွာနဲ့ သူငယ်ငယ်ထဲကသဘောကျခဲ့တဲ့ သက်လက်ရုန်းကလွဲရင် ဘယ်မိန်းခလေးကိုမှ မမြင်သူဖြစ်သည်။
"သဘောကျမှာပါ သားကလူချောပဲကို"
"ဦးမောင်ကျွန်တော်က ဖေဖေနဲ့တူလား မေမေနဲ့တူလား"
"သားက၂ယောက်လုံးဆီက လှပေ့ဆိုတဲ့အရာတွေရထားတော့ဘယ်သူနဲ့တူတယ်ပြောရခက်တယ်"
"ဟင်း ဟင်း ဦးမောင်ပြောမှစိတ်ချမ်းသာတော့တယ်"
"ဘာလို့လဲ သား"
"ကြီးကြီးက အမြဲပြောတယ် သားကအဖေတူသားမို့တော်သေးတယ်တဲ့ "
"အော် သားက အမေနဲ့မတူလို့စိတ်မကောင်းတာလား"
"မဟုတိပါဘူး ကျွန်တော်က ဖေဖေနဲ့ကောမေမေ နဲ့ပါမတူချင်ဘူး ဘယ်သူ့သားဆိုတာထက် ဘုန်းသန့်ညီ ကိုဘယ်သူ့အရိပ်မှမပါပဲမြင်စေချင်တာပါ အထူးသ
ဖြင့် အန်ကယ် လက်ရုန်းနဲ့အန်တီ နွယ်ကသစ် မျက်လုံးထဲ ကျွန်တော့်ကို မြင်တိုင်း မေမေနဲ့တူလို့ မေမေ့ကိုပါသတိရနေတာမျိုး မဖြစ်စေချင်တာပါ"
YOU ARE READING
စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်
Romanceဦးတည်စေမင်း ကိုယ့်ပတ်ဝန်းကျင်က ငွေမက်သောအမျိုးသမီးများကြောင့် အချစ်ကိုလဲမယုံကြည် အမျိုးသမီးဆိုလဲအမေနဲ့အဖွားကလွဲရင် ဘယ်အမျိုးသမီးကိုမှ လက်ခံလို့မရတဲ့ သူရဲ့ ရင်ထဲကို အလောင်းစားတခု ကြောင့် နိုင်လိုဇောနဲ့ဝင်ရောက်လာတဲ့ မိန်းခလေးကိုမှ ချစ်သွားသောအခါ သဲလက်...