Part-20

2.5K 72 10
                                    

အပိုင်း-၂၀

ဒီနေ့ညနေ အသဲတို့မောင်နှမတွေစုပီးဘားသွားဖို့ဒယ်ဒီက ခွင့်ပြုတော့ အပျော်ဆံုးကဇွဲလေးဖြစ်သည်။ဒယ်ဒီနဲ့မာမီကောကြီးကြီးနဲ့ကယ်လေးကောကတော့ အရမ်းညမနက်ဖို့ပဲမှာသည်။ဘာလို့လဲဆိုတော့
နောက်နေ့မနက်ဖလိုက်နဲ့ အသက်တို့လင်မယား
ဟန်းနီးမွန်းထွက်မှာမို့ လူကြီးတွေကစိတ်ပူကြသည်။

ဘားရောက်တော့ ဘုန်းသန့်က အသဲကို

"အသဲ နင်အဆင်ပြေလားအလုပ်ကလေ"

"ပြေတာထက်တောင်ပိုသေး သဲလက်ရုန်းပါဟ
မဖြစ်တာမရှိဘူး"

"အေးပါ လောင်းကြေးနိုင်ရင် သူဌေးကိုပါရအောင်ယူနော် ခိခိ"

"အသက် နင်ဘယ်ကသိ အော ဆိုဖီနဲ့နာနာ
လက်ချက်မလား"

"Yes အသဲနင်အဲ့အဘိုးကြီးကို တကယ်ကြီးလား"

"အသက်မ ဘာအဖိုးကြီးလဲ"

ဘုန်းသန့်က

"ဟုတ်တယ်လေ သူ့အရွယ်ဆိုတချို့မြေးတောင်ရနေပီ အာ အဝေးကြီးမကြည့်နဲ့ကိုယ်တို့ဒယ်ဒီနဲ့ဆို ဒယ်ဒီကပိုနုနေမယ်ထင်တယ် နော် ဘေဘီ"

"အင်းဟုတ်တယ် ဟုတ်တယ်"

"အမလေး လင်မယား၂ယောက်ပေါင်းပီးငါ့ဦးကို ဘလိန်းနေတယ် ဘာအဘိုးကြီးကမှာလဲ ဒီလောက်ခန့်ညားနေတာကိုများဟွန့်"

မမရွှေလေးနဲ့မောင်လေးတွေရောက်လာတော့စကားကပြတ်သွားသည်။

"အသဲ ဟိုဘက်ဝိုင်းက ကောင်မလေးတွေလေ ငါတို့မောင်တွေကို ရှိုးနေကြတယ်ကြည့်ကြည့် အမယ် ငဇွဲပဲတွေများနေတယ်အသဲ"

"ထားလိုက်ပါအသက်ရယ် နင်ကလဲ နင်ကျတော့
ယောင်ကျားယူပီး မောင်တွေကိုတိုနေတယ်"

"အသဲနော်"

ထိုညကအပျော်ကြီးပျော်ကြပီး အိမ်သို့ညနက်မှ
ရောက်ကာ မောင်နှမတွေအားလံုးအသက်တို့အိမ်မှာစုအိပ်ကြသည်။မနက်ရောက်တော့ အသက်နဲ့ကိုကိုစောစောထကာ လေယဉ်ကွင်းဆင်းကြသည်။

တီ တီ တီ

နှိုးစက်သံကြောင့် အသဲ ကဗျာကယာထကာ ရေမိုးချိုးပီးအလှပြင်ကာ မာမီ့ကိုနှုတ်ဆက်ပီးထမင်းချိုင့်ယူကာ အလုပ်သို့ထွက်လာလိုက်သည်။လမ်းမှာဦးအတွက်breakfastဝယ်ကာ ရုံးသို့အပြေးလာလ်ုက်သည်။အသဲရုံးရောက်တော့ မသူဇာကရောက်နှင့်နေပီဖြစ်ကာ

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now